လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာစကား၊ ဘာသာရေး၊ နိုင်ငံရေး သို့မဟုတ် အခြားထင်မြင်ယူဆချက်၊ အမျိုးသား သို့မဟုတ် လူမှုရေးဇစ်မြစ်၊ ပိုင်ဆိုင်မှု၊ မွေးဖွားမှု သို့မဟုတ် အခြား နည်းဖြင့် အဆင့်အတန်းမခွဲခြားဘဲ လူတိုင်းကို တန်းတူ ရည်တူ ဆက်ဆံခံရပိုင်ခွင့် ကိုဆိုလိုသည်။ ဒစ်ဂျစ်တယ် အခွင့်အရေးနှင့် ပတ်သက်လျင် ၎င်းတွင် လူတစ်ဦး၏ မွေးဖွားခြင်းကြောင့် သို့မဟုတ် အထက်ပါ ကြင်အင် လက္ခဏာများ ဖြင့် ခွဲခြားသတ်မှတ်ခံရ ခြင်းမရှိဘဲ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်ခွင့် ကို ဆိုလိုသည်။
ခွဲခြားဆက်ဆံမှု မခံရရန် အခွင့်အရေးသည် နိုင်ငံတကာနှင့် ဒေသတွင်း ပဋိညာဉ်စာချုပ် များဖြစ်သည့်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေး အခွင့်အရေးများဆိုင်ရာပဋိညာဉ် (ICCPR)၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာပဋိညာဉ်စာချုပ် (ICESCR)၊ အမျိုးသမီးများအား ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CESCR)၊ ကလေးသူငယ် (CRC) နှင့် မသန်စွမ်းသူများ ၏အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRPD) များ၌အသိအမှတ်ပြု၊ ကာကွယ်ထားသော အခြေခံလူ့အခွင့်အရေးပင် ဖြစ်သည်။
ကုမ္ပဏီသည် ခွဲခြားဆက်ဆံခြင်းမပြုရန် အခွင့်အရေးအပေါ် မည်သို့အကျိုးသက်ရောက်သည်ကို ၎င်း၏ အယ်လဂိုရီသမ် အဆင့်ဆင့် တွက်ချက်နည်း နည်းလမ်းအရ မှအကဲဖြတ်မည်ဖြစ်သည်။ အဆင့်ဆင့် တွက်ချက်နည်း နည်းလမ်း အရ ပြုလုပ်သော ဆုံးဖြတ်ချက်များသည် လူ့အဖွဲ့အစည်းအတွင်း ပိုမိုကျယ်ပြန့်သော ဘက်လိုက်မှုများကို အလိုလို ထင်ဟပ်လာစေပါသည်။ အဆင့်ဆင့် တွက်ချက်နည်း နည်းလမ်း အရ ဆုံးဖြတ်ချက်ချသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပံ့ပိုးပေးသည့် နည်းပညာကုမ္ပဏီများသည် ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများကို ဖန်တီးရာတွင် ဘေးဖယ်ကာ ချန်ထားခဲ့ သောအုပ်စုများ ၌ ခွဲခြားဆက်ဆံခံရမှု ဖြစ်ပေါ်ကာ ထိုအခွင့်အရေးမျိုးကို ထိခိုက်စေနိုင်သည်။
Ranking Digital Rights (RDR) သည် World Benchmarking Alliance – WBA ၏ အစီအစဉ်တစ်ခုဖြစ်ပြီး၊ ၎င်းသည် အကျိုးသက်ရောက်မှုရှိသော အလုပ်အကိုင်စီမံကိန်းများကို ဖော်ဆောင်ရန် ရည်ရွယ်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ WBA သည် ကမ္ဘာ့ပြည်သူ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၏ တာဝန်ရှိမှုကို တည်ဆောက်ခြင်း၊ စာရင်းပေါ်ရှိ စံချိန်စံညွှန်းများကို လူမှုကွန်ရက်ပေါ်တွင် အသုံးပြုနိုင်သည့် အရေအတွက် ဖော်ပြချက်များကို ထုတ်ဝေပါသည်။ RDR သည် ကမ္ဘာ့အဓိက ဒစ်ဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြုသူများ၏ ဒစ်ဂျစ်တယ်အခွင့်အရေးများကို လေးစားခြင်းအပေါ် အခြေခံ၍ အဆင့်သတ်မှတ်ခြင်း၊ အစီအစဉ်ကို အကဲဖြတ်ခြင်းများပြုလုပ်သည်။ RDR သည် စတော့ရှယ်ယာရှင်များ၊ လှုပ်ရှားသူများနှင့် ကုန်ကျစရိတ်သုံးစွဲသူများအတွက် ပလက်ဖောင်းနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ကော်ပိုရေးရှင်းနည်းဗျူဟာများနှင့် လုပ်ထုံးလုပ်နည်းများတွင် ရင်ဆိုင်မှုတရပ်ရပ်ရှိမှုကို တောင်းဆိုရန် ကူညီပေးသော ကိရိယာများနှင့် အရင်းအမြစ်များကို ပေးအပ်ပါသည်။