၈.၁ | ချိပ်ဆက် စေ့စပ်ညှိနှိုင်းခြင်း

အစီရင်ခံစာ နမူနာပုံစံကို အသုံးပြု၍ အစီရင်ခံစာကို အပြီးသတ်ရေးသားပြီးသည်နှင့် ကုမ္ပဏီနှင့် ထိတွေ့စေ့စပ်ညှိနှိုင်းရန် ၎င်းကို အသုံးပြုနိုင်သည်။

အဆင့် (၂) တွင် ရှင်းပြထားသည့်အတိုင်း CLARITI လုပ်ငန်းစဉ်မစတင်မီကာလအတွင်းတွင် ကုမ္ပဏီထံ ဆက်သွယ်ရန် အကြံပြုထားသဖြင့်၊ ၎င်းတို့သည် သင့်အဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများကို သိရှိပြီးဖြစ်ကာ နောက်ဆုံးအစီရင်ခံစာထွက်ရှိလာမည်ဟု မျှော်လင့်နိုင်သည် ဟု အကြံပြုသည်။ ထိုသို လုပ်ဆောင် ခြင်းဖြင့် အစီရင်ခံစာပြီးစီးပြီးနောက် သင့်ထံမှ ဆက်သွယ်မည်ကို မျှော်လင့်စေပြီး၊ ၎င်းတို့အတွက် ပြင်ဆင်မှုလုပ်ဆောင် လာနိုင်စေသည့်အပြင် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများတိုးပွားစေနိုင်သော အခြေအနေတစ်ရပ်ကိုလည်း ဖန်တီးပေးပါသည်။

UNGPs များနှင့်အညီ လူ့အခွင့်အရေးကို လုံးလုံးလျားလျား လုံ့လစိုက်ထုတ်လုပ်ဆောင်နေသည့် ကုမ္ပဏီကိုယ်စားလှယ်များသည် အစုအဖွဲ့အလိုက် HRDD ဦးဆောင်သော ကုမ္ပဏီအတွက် အခြေခံအားဖြင့်မရှိမဖြစ်လိုအပ်ပြီး အဖိုးတန်သော ဖြည့်စွက်ချက်အဖြစ် သင့်အစီရင်ခံစာကို ရှု့မြင်သင့်သည်။ကုမ္ပဏီနှင့် ဤအစီရင်ခံစာကို မျှဝေရန် ဆောင်ရွက်ခြင်းသည် မှန်ကန်သောကိုယ်စားလှယ်များ၏ စိတ်ဝင်စားမှုကိုဖြစ်ပေါ်စေသော်လည်း၊ ၎င်းတို့၏တုံ့ပြန်မှုသည် တစ်ဦးချင်းစီ၏အမြင်နှင့် ကုမ္ပဏီ၏ဖွဲ့စည်းပုံပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ထို့ကြောင့် ဤလမ်းညွှန်အတွင်းဖော်ပြထားသည့်အတိုင်း နောက်ထပ်အဆင့်များဆောင်ရွက်ခြင်းမပြုမီ ကုမ္ပဏီအများအပြားထံအကြိုဆက်သွယ်ခြင်းမှာ အရေးကြီးသည်။

ကုမ္ပဏီကို အစီရင်ခံစာနှင့် တကွ မဆက်ဆံမီ၊ လမ်းညွှန်ချက် နမူနာပုံစံပ ရှိ ဤကဏ္ဍကို ဖတ်ရှုခြင်းဖြင့် သင့်အောင်မြင်မှုကို အမြင့်ဆုံးရရှိစေရန် ဂရုတစိုက် စီစဉ်သင့်သည်။ GNI နှင့် Global Partners Digital မှ ပြင်ဆင်ထားသော ကုမ္ပဏီ၏ ထိတွေ့ဆက်ဆံမှုဆိုင်ရာ အထောက်အကူပြု လမ်းညွှန်ချက် ကိုလည်း သင် ကိုးကားနိုင်ပါသည်။

ကုမ္ပဏီနှင့် အဓိပ္ပာယ်ပြည့်ဝသော ထိတွေ့ဆက်ဆံမှုရရှိရန် လက်ရှိအဆင့်တွင် မအောင်မြင်ပါက အောက်ပါအဆင့်များတွင် သင်၏ ထိတွေ့ဆက်ဆံမှုကို ဆက်လုပ်ဆောင်ရန် အကြံပြုအပ်ပါသည်။

 

    • မှန်ကန်သော ကိုယ်စားလှယ်(များ)ကို ဖော်ထုတ်ပါ- အစီရင်ခံစာကိုကြိုတင် ပြင်ဆင်ခြင်းမှ ကုမ္ပဏီနှင့် ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို သင် နားလည်ထားပြီးဖြစ်သည်။စေ့စပ်ညှိနှိုင်းခြင်းအတွက် ပြင်ဆင်မှု၏ ပထမအဆင့်မှာ မှန်ကန်သော ကိုယ်စားလှယ်များကို ဖော်ထုတ်ရန်ဖြစ်သည်။
    • တိုက်ရိုက် ထိတွေ့ ညှိနှိုင်းခြင်း- ကုမ္ပဏီကိုယ်စားလှယ်များ တိုက်ရိုက်ဆက်သွယ်ရန် ကြိုးပမ်းခြင်း။
    • ဩဇာရှိသူများဖြင့် ယှဥ်းကပ်ခြင်း – တိုက်ရိုက်ထိတွေ့ဆက်ဆံမှု ပျက်ကွက်ပါက ကုမ္ပဏီနှင့် ထိတွေ့ဆက်ဆံရပုံကို ရှာဖွေရန် အခြားနည်းလမ်းများ ရှိနိုင်သည်။
    • လူသိများအောင်လုပ်ခြင်း- တိုက်ရိုက်နှင့် သြဇာလွှမ်းမိုးမှုရှိသော ထိတွေ့ဆက်ဆံမှု နှစ်ခုစလုံး မအောင်မြင်ပါက၊ ထိတွေ့ဆက်ဆံမှုအတွက် အစီရင်ခံစာတွင် ဖော်ပြထားသည့် ပြဿနာများကို အရှိန်မြှင့်ရန် လိုအပ်နိုင်သည်။ ကုမ္ပဏီသည် ဤထိတွေ့ဆက်ဆံမှုအမျိုးအစား တစ်ခုခုကို ပဋိပက္ခရှိသောဆန့်ကျင် ဘက်ဟု မြင်သွားနိုင်သည်၊ ထို့ကြောင့် ပထမနည်းလမ်းနှစ်ခု မအောင်မြင်ပြီးနောက်တွင် သင်သည် ဤအဆင့်သို့ ဆက်လက်သွားရန် အကြံပြုအပ်ပါသည်။