၅.၆ | အရေးပါမှုအဆင့်သတ်မှတ်ဇယားဆွဲခြင်း

လူအခွင့်အရေး ဆိုင်ရာ အကျိူးဆက်များနှင့် ၎င်းတို့၏အကြောင်းရင်းများကို ဦးစားပေးသတ်မှတ်ခြင်း သဘောတရားကိုနားလည်လာသည်နှင့်အမျှ သင်၏ သီးခြားအကဲဖြတ်မှုအတွက် ဦးစားပေးရွေးချယ်မှုကို ယခု စတင်နိုင်ပါပြီ။ အောက်တွင် ထည့်သွင်း ဖော်ပြထားသောဇယားသည် အရေးတကြီးရှိမှုနှင့် ကုမ္ပဏီ၏အန္တရာယ် အဆင့်များကို မည်သို့ အမှတ်ပေး တွက်ချက် ထားသည်ကို ပြသပေးသည်။ သင်မကြာသေးမီက ဆုံးဖြတ်ခဲ့သော အချက် ၇ ချက်အတိုင်း သက်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုနှင့် အကြောင်းအရင်းတိုင်းအတွက် ဤဇယားကို ပြန်လည် ပြင်ဆင်နိုင်သည်။ထိုသို့ပြုလုပ်ရန်နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဤဖောင်ကိုကြည့်ရှုရန် သင့်တွင် ခွင့်ပြုချက်မရှိပါ။

ထည့်သွင်းမှုများ မတွေ့ရပါ။ ဤဇယားမြင်ကွင်းကိုဖြည့်သွင်းရန် အဆင့် ၅.၆ တွင် ဖောင်ဖြည့်ပါ။

CLARITI အန္တရာယ် န္တရာယ်ရှိမှု ဆိုင်ရာအမှတ်ပေးဇယားကို ဒေါင်းလုဒ်လုပ်ပါ။

လမ်းညွှန်ချက်များ
  1. အောက်တွင် CLARITI အန္တရာယ်ရှိမှု ဆိုင်ရာအမှတ်ပေး ဇယားကို ဒေါင်းလုဒ်လုပ်ပါ။
  2. Excel ဝင်းဒိုးဖွင့်သောအခါ ပထမဇယား၏ အဝါရောင် ခြယ် ထားသည့် ဧရိယာသို့ သွားပါ။
  3. သက်ဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် အကြောင်းတရားတိုင်းအတွက် ဇယားအတွင်း စောစောက သင်ပြုလုပ်ခဲ့သော ကိုက်ညီသော ရွေးချယ်မှုများကို ရွေးချယ်ပါ။
  4. သက်ရောက်မှုနှင့် အကြောင်းတရားတစ်ခုခုကို သင်မဖြည့်ရသေးပါက၊ ၎င်းကို ကွက်လပ်ထားခဲ့ပါ။ “ မသက်ဆိုင်ပါ” ကိုသင်ရွေးချယ်ရန်မလိုအပ်ပါ။
  5. ဇယားကို သင်ဖြည့်လိုက်သည်နှင့် ဇယားတွင် ထပ်မံဖြည့် သွင်းထားသော ရမှတ်များဖြင့် အလိုအလျောက် အပ်ဒိတ်လုပ်နေလိမ့်မည် ။ ကျေးဇူးပြု၍ ဒေတာအညွှန်းများကို ရွှေ့ပါ။ အဆင့် 7 အစီရင်ခံခြင်းပုံစံနှင့် တူညီသောဇယားကို ထပ်မံအသုံးပြုထား သည်၊ ထို့ကြောင့်ဇယားမှာ တတ်နိုင်သမျှသပ်ရပ်စွာ ရှိ နေ လိမ့်မည်။
  6. ထို့နောက် “ ကူးယူခြင်းအတွက်ဇယား” သို့သွားပါ။ ၎င်းသည် ဦးစားပေး မှုအလိုက် မူတည်၍ စီထားသောဇယားရှိ အချက်အလက်များ၏ စာသားအကျဉ်းချုပ်ဖြစ်သည်။ အဆင့် 7 အစီရင်ခံခြင်းပုံစံတွင် ဤဇယားကို သင်အသုံးပြုပါမည်။
  7. အဆင့် 7သို့ရောက်သောအခါ ကျေးဇူးပြု၍ အလွတ်မဟုတ်သောအတန်းများကို ရွေးချယ်ပြီး ၎င်းတို့ကို နမူနာပုံစံအလိုက် သက်ဆိုင်ရာကဏ္ဍသို့ ကူးယူပါ။