၅.၁ | အကျိုးသက်ရောက်မှု အကဲဖြတ်ခြင်း

ဤကဏ္ဍတွင်၊သင်သည် အဆင့် 4 (အကြောင်းအရာပိုင်း ခွဲခြမ်းစိတ်ဖြာခြင်း)မှ လေ့လာသိရှိခဲ့သောအချက်အလက်များနှင့် ဤအပိုင်းရှိ ထပ်လောင်းမေးခွန်းများကို ပေါင်းစပ်ပြီး အတိုင်းအတာ၊ ကုစားရနိုင်မှု၊ ဖြစ်နိုင်ခြေ၊ ချိတ်ဆက်မှု၊ သက်သာလျော့ပါးရေးနှင့် UNGPs အရ သြဇာလွှမ်းမိုးမှု တို့နှင့်အညီ လူ့အခွင့်အရေးထိခိုက်မှု တစ်ခုချင်းစီအတွက် အမှတ်ပေးသွားရပါမည်။ ဤအမှတ်ပေးခြင်းက သင်အား မည်သည့်ပြဿနာကို ဦးစွာဖြေရှင်းသင့်ကြောင်း ဆုံးဖြတ်ရာတွင် အထောက်အကူပြုမည်ဖြစ်သည်။