3 | တိုင်းတာအကဲဖြတ်မှု
ကုမ္ပဏီများ (နှင့် အခြားအဖွဲ့အစည်းများ) မှ တာဝန်ယူမှုရှိစွာ လုပ်ဆောင်သင့်သော လူ့အခွင့်အရေး တာဝန်ယူမှုစစ်ဆေးခြင်သည် လူ့အခွင့်အရေးထိခိုက်မှု ဖြစ်နိုင်ခြေရှိသည့် လုပ်ဆောင်မှုများကို သတိပြုခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ သက်သာအောင်လုပ်ဆောင်ခြင်းနှင့် ဖြေရှင်းပေးခြင်းများကို စနစ်တကျ၊ တစုံတရာအပြည့်အဝနှင့် ပုံမှန်လုပ်ဆောင်သည့် လုပ်ငန်းစဉ်တခုဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် ကုမ္ပဏီ၏လှုပ်ရှားမှုများအပေါ် လူ့အခွင့်အရေးထိခိုက်မှုများကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်သည်။
လူ့အခွင့်အရေး တာဝန်ယူမှုစစ်ဆေးခြင်၏ အဓိကအစိတ်အပိုင်းတစ်ခုမှာ လူ့အခွင့်အရေးအကျိုးသက်ရောက်မှု ခန့်မှန်းခြင်း ဖြစ်သည်။ ၎င်းသည် ကုမ္ပဏီတခု၏ လုပ်ဆောင်မှုများက လူ့အခွင့်အရေးများအပေါ် အမှန်တကယ် သို့မဟုတ် ဖြစ်နိုင်သည့် သက်ရောက်မှုများကို ဖော်ထုတ်သည့် လုပ်ငန်းစဉ်တခုဖြစ်သည်။ HRIA များကို ကုမ္ပဏီက ဦးဆောင်သည့် လုပ်ငန်းစဉ် သို့မဟုတ် လူထုက ဦးဆောင်သည့် လုပ်ငန်းစဉ် အဖြစ်ဆောင်ရွက်နိုင်သည်။ လူထုဦးဆောင်သော HRIA ၏အနေနှင့် HRIA ကိုအကျဉ်းချုပ်ဖော်ပြပါက – ၎င်းသည် လူ့အခွင့်အရေးသဘောတူညီချက်များ အဖြစ် ကုမ္ပဏီက ပြုလုပ်ထားသော ကတိကဝတ်များနှင့် လူထုမှ အမှန်တကယ်ခံစားရသည့် အခွင့်အရေးအသုံးချမှုတို့အကြား ကွာခြားချက်ကို တိုင်းတာခြင်းဖြစ်သည်။
လူ့အခွင့်အရေးအပေါ် ထိခိုက်မှုသုံးသပ်ခြင်းသည် စီးပွားရေးလုပ်ငန်းများ၏ လုပ်ဆောင်ချက်များက လူများ သို့မဟုတ် လူ့အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးကို ခံစားခွင့်ရရှိမှုအပေါ် ဖြစ်နိုင်သော အကျိုးသက်ရောက်မှုများကို တိုင်းတာခြင်းဖြစ်ပါသည်။ HRIA အမျိုးအစား၂ မျိုးရှိပါသည်။ တစ်ခုမှာ ကုမ္ပဏီ HRIA ဖြစ်ပြီး၊ ကုမ္ပဏီတစ်ခုက လူ့အခွင့်အရေးအဖွဲ့အစည်းတခု သို့မဟုတ် အတိုင်ပင်ခံများအား သူ့ကုမ္ပဏီ၏ လူ့အခွင့်အရေးအပေါ် ထိခိုက်မှုများကို စိစစ်ရန် မှာယူသည် (ဥပမာ- BSR နည်းဗျူဟာ)။ အခြားတစ်ခုမှာ လူ့အဖွဲ့အစည်းက ဦးဆောင်သော HRIA ဖြစ်ပြီး၊ လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်များက ကုမ္ပဏီ၏ လူ့အခွင့်အရေးအပေါ် ထိခိုက်မှုများကို သုံးသပ်သည် (ဥပမာ- CLARITI)