1.5 | CLARITI အဆင့် များ
CLARITI မှ အများဆုံးအကျိုးရရှိစေရန်အတွက် သင့်သုတေသနသည် ကျယ်ပြန့်ပြည့်စုံပြီး အဆင့်များအကြား အချက်အလက်များ ကိုက်ညီစေရန် အောက်ဖော်ပြပါအဆင့်များကို အစဉ်လိုက်လုပ်ဆောင်ရန် လိုအပ်ပါသည်။ နောက်ပိုင်းအဆင့်များ၏ ရလဒ်များသည် သင်ယခင်အဆင့်များတွင် ဖြေကြားခဲ့သော အဖြေများအပေါ် မူတည်နေပါသည်။ အမှန်မှာ၊ သင်နောက်ပိုင်းတွင် ကုမ္ပဏီများနှင့်ချိတ်ဆက်ဆောင်ရွက်ရန်အတွက် ထုတ်ပြန်မည့် အစီရင်ခံစာ (အဆင့် ၇) သည် သင်ယခင်အဆင့်များတွင် ဖြေကြားခဲ့သော အဖြေအားလုံးကို တိုက်ရိုက်ကိုးကားရန် ဒီဇိုင်းထုတ်ထားသောကြောင့်၊ ယခင်အဆင့်များကို အစဉ်လိုက်ပြီးမြောက်အောင်လုပ်ဆောင်ခြင်းဖြင့် အစီရင်ခံစာနမူနာပုံစံကို လျင်မြန်စွာနှင့် ပြည့်စုံစွာ ဖြည့်စွက်နိုင်မည်ဖြစ်ပါသည်။
BSR နည်းစနစ်သည် Business for Social Responsibility (BSR) မှ တီထွင်ဖန်တီးသော လူ့အခွင့်အရေးသက်ရောက်မှု အကဲဖြတ်နည်းဗျူဟာတစ်ခုဖြစ်ပါသည်။ BSR သည် UNGP စံနူန်းများအရ လူ့အခွင့်အရေးသက်ရောက်မှု၏ လေးနက်မှုကို တိုင်းတာခြင်းဖြင့် ကုမ္ပဏီ၏ ထိပ်တန်း လူ့အခွင့်အရေးပြဿနာများကို ဖော်ထုတ်နိုင်ပါသည်။ BSR နည်းဗျူဟာသည် အဓိကအားဖြင့် ကုမ္ပဏီက ဦးဆောင်သော HRIA အတွက် အသုံးပြုပါသည်။ “လူ့အခွင့်အရေးသက်ရောက်မှု အကဲဖြတ်ခြင်း (HRIA)” ကိုဤအပိုင်းတွင် ကြည့်ပါ။

