၈.၅ | အများပြည်သူအာရုံ စိုက်လာခြင်း

ကုမ္ပဏီ အား ဆက်သွယ်ရန် ကြိုးပမ်းမှုများ မှတ်တမ်းမှတ်တမ်းမှတ်ရာ နှင့်တစ်ကွ ဆောင်ရွက်ထား ရှိသော်လည်း ကုမ္ပဏီ ထံမှ တုံ့ပြန်မှုမရှိပါက၊ သက်ဆိုင်ရာ အနာဂတ် ရင်းနှီးမြှုပ်နှံသူများအပါအဝင် အများပြည်သူ၏ဖိအားနှင့် ဝေဖန်မှုများကို အသုံးပြုရန် စဉ်းစားလာရနိုင်ပါသည်။ ဤနည်းလမ်းတွင် ပါဝင်နိုင်သည်များမှာ အောက်ပါအတိုင်းဖြစ်နိုင်ပါသည် —

      • -မီဒီယာဖိအား
      • အကဲဖြတ်အဖွဲ့မှ လူထုသို့ အစီရင်ခံစာထုတ်ပြန်ချက်
      • ကို အများပြည်သူသို့ ထုတ်ပြန်ခြင်း။
      • OECD နိုင်ငံတွင်း ဆက်သွယ်ရန်အချက်များ ချိတ်ဆက်ခြင်း (ကုမ္ပဏီသည် OECD နိုင်ငံတစ်ခုတွင် ရုံးချုပ်ထားလျှင်)
      • -အမျိုးသားလူ့အခွင့်အရေးကော်မရှင်များသို့ တင်ပြခြင်း။
        -တရားဝင် ဥပဒေ အရ လမ်းကြောင်းများ။

ယခင်က အချို့သောကိစ္စများတွင် ကုမ္ပဏီများထံမှ တုံ့ပြန်မှုရရှိရန်အတွက် ဤနည်းလမ်းများကို လူမှုအ ဖွဲအစည်းများ မှ ထိရောက်စွာအသုံးပြုထား ပြီးဖြစ်သည်။ ဤလမ်းညွှန်ပုံစံပုံစံတွင် နည်းလမ်းများကို အသေးစိတ်ဖော်ပြမည်မဟုတ်ပါ။ သို့သော်၊ ကုမ္ပဏီနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းမှုများ၏ မှတ်တမ်း စာရွက်စာတမ်းများသည် ဤအစီအမံများ အောင်မြင်မှုရရှိစေရန်အတွက် သော့ချက်ဖြစ်သည်။ ဤအချက်အထိ ဤလမ်းညွှန်ချက်ပုံစံပုံစံကို လိုက်နာခြင်းဖြင့်ပင် နောက်တစ်ဆင့်တွင် သင် အတွက် အောင်မြင်နိုင်ခြေအမြင့်မားဆုံးဖြစ်နိုင်စေမည့် စာရွက်စာတမ်းအထောက်အထားများ သင့်လက်ထဲတွင် ရှိနေကြောင်းခိုင်မာ စေမည်ဖြစ်သည်။

ဤတိုးမြင့် ကြိုးပမ်း မှုအမျိုးအစားကို ကုမ္ပဏီက ဆန့်ကျင်သူ ရန်ဘက်အဖြစ် ရှုမြင်မည်ဖြစ်ပြီး အနာဂတ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခွင့်အလမ်းများကို နည်းသွား နိုင်သည်ကို သတိပြုပါ။ဤအဆင့်တွင် ကုမ္ပဏီတုံ့ပြန်လာသော်လည်း၊ ၎င်းသည် လူထုဖိအားများကို ရှောင်ရှားခြင်း သို့မဟုတ် မိမိကုမ္ပဏီ၏မိတ်ဆွေဂုဏ်သတင်းကိုကာကွယ်ရန်သာ ရည်ရွယ်သော ကြောင့် ဖြစ်နိုင်ပြီး၊ လူထုနှင့်အတူ တကယ့်အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့်မဟုတ်နိုင်ပါ။

သို့သော်၊ သင်သည် ဤလမ်းညွှန်ချက်ကို လိုက်နာထားပြီးဖြစ်ပါက၊ ဤအဆင့်သို့ရောက်ရှိသွားပါက အခြားသော အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုပုံစံများအားလုံး ကျရှုံးနေ နှင့်ပြီ ဖြစ်သောကြောင့် ထိုနည်းဖြင်း ဖိအား တိုးမြင့်ခြင်းသည်သာ တရားမျှတပေတော့မည်။ ကုမ္ပဏီသည် ဤအဆင့်တွင် စိတ်ရင်းမှန်ဖြင့် ပူးပေါင်း ပါဝင်နေသည်ကို သင်တွေ့ရှိပါက၊ ၎င်း ပါဝင် အားစိုက်မှု့ကိုအနာဂတ်တွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသောဆက်ဆံရေးကို တည်ဆောက်ရန် သင်အသုံးပြုရန်လိုပေမည်။

CLARITI ၏ အထက်ဖော်ပြပါ ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အကြံပြုချက် အဆင့်များမှတစ်ဆင့်၊ ကုမ္ပဏီများနှင့် လူမှုအဖွဲ့အစည်းများအကြား နားလည် မှုရှိရှိ ဖြင့် ပူးပေါင်း ဆောင်ရွက်မှုအသစ်တစ်ခု အစပျိုးလာ နိုင်ပြီး၊ သက်ဆိုင်ရာ အခွင့်အရေးရပိုင်ခွင့် ရှိသူများ၏ ဒစ်ဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာ အခွင့်အရေးများအတွက် အနာဂတ်တွင် အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်မည်ဟု မျှော်လင့်ပါသည်။

ဝေါဟာရ
OECD

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ သည် အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ၃၈ ရာခိုင်နှုန်းရှိ အဖွဲ့ဝင်နိုင်ငံများကို ပေါင်းစည်းထားပါသည်။ ၎င်းကို ၁၉၆၁ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှင့် ကမ္ဘာ့ကုန်သွယ်ရေးအား အားပေးရန်တည်ထောင်ခဲ့ပါသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ဝင်နိုင်ငံများသည် စျေးကွက်စီးပွားရေးကို လေးစားကြောင်း ဖော်ပြသော စီမံကိန်းတစ်ခုဖြစ်ပြီး၊ သီးသန့်အတွေ့အကြုံများကို နှိုင်းယှဉ်၊ ပူးပေါင်းဆောင်ရွက်သည့် ပြဿနာများ၏ အဖြေများကို ရှာဖွေ၊ အကောင်းဆုံးလေ့လာမှုများကို သတ်မှတ်ခြင်းနှင့် အဖွဲ့ဝင်များ၏ အိမ်တွင်းနှင့် နိုင်ငံတကာစီမံကိန်းများကို ကိုင်တွယ်စီမံခြင်းတို့အတွက် အခန်းကဏ္ဍတစ်ခုဖြစ်သည်။ (Wikipedia)။ ပိုမိုသိရှိလိုပါက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ ကိုကြည့်ပါ