ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်ခြင်းနှင့် အတွင်းပိုင်းအဆင့်ဆင့် တက်တက်ကြွကြွ ဆောင်ရွက်မှုများမှတစ်ဆင့်တုံ့ပြန်မှုမရရှိပါက၊ ထိုကုမ္ပဏီအပေါ်သြဇာသက်ရောက်မှုရှိနိုင်သောပုဂ္ဂိုလ်များထံ ဆက်သွယ်ရန် စဉ်းစားနိုင်ပါသည်။ ဤနည်းလမ်း၏ အောင်မြင်မှုမှာ သင်ဆက်သွယ်သော သြဇာရှိ သူများမှ တုံ့ပြန်မှုရရှိခြင်းနှင့် ၎င်းတို့က ကုမ္ပဏီအပေါ် ထိရောက်စွာ သြဇာလွှမ်းမိုး သက်ရောက်နိုင်ခြင်းပေါ် မူတည်သည်။ သို့သော်လည်း သင်၏အကဲဖြတ်မှုများကို လူသိရှင်ကြား မဖြစ်မှီ အချိန် အတွင်း ဤနည်းလမ်း ဖြင့် ယှဥ်းကပ်ဆောင်ရွက်ခြင်း ကို အပြီးသတ်ရန် ကြိုးစားသင့်ပါသည်။အကယ်၍ သင်သည် ထိုသို့ သြဇာ လွှမ်းမိုးမှုရှိသူများနှင့် အဆက်အသွယ်ရနိုင်လျှင် သင့်ကိုယ်သင် ဦးစွာမိတ်ဆက်ရန်နှင့် သင်ဆွေးနွေးလိုသည့်ပြဿနာများကို ကုမ္ပဏီအတွင်းမှ သင့်တော်သော ကိုယ်စားလှယ်ထံ မိတ်ဆက်မေးမြန်းရန် အကြံပြုအပ်ပါသည်။
သြဇာလွှမ်းမိုးသူထံမှ တဆင့် မိတ်ဆက်ခြင်းသည် ကုမ္ပဏီကိုယ်စားလှယ်ထံမှ တုံ့ပြန်မှုကို တောင်းခံ ရန် လုံလောက်ပါသည်။ သင့်အကြံပြုချက်များသည် ၎င်းတို့၏လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေဖြစ် နိင်လျင် သို့မဟုတ် ၎င်းတို့၏သြဇာလွှမ်းမိုးနိုင်သူများနှင့် သင့်ဆက်ဆံရေးသည် လုံလောက်စွာခိုင်မာ ရှိ လျင်၊ ၎င်းတို့သည် သင့်အကြံပြုချက်များကို ထောက်ခံး ကူညီ ထောက်ခံပေးနိုင်ပါသည်။ သင်ဆက်သွယ်လိုသော သြဇာလွှမ်းမိုးနိုင် ချေရှိသောသူများသည် ကုမ္ပဏီကို လွှမ်းမိုးနိုင်မှုအား လိုက် အကြမ်းဖျင်းအားဖြင့် အဆင့်သတ်မှတ်ထားနိင်ပါသည်။
အခြားအသိုင်းအဝန်းမှ အဖွဲ့ဝင်များ – နိုင်ငံတကာ NGO များသည် သင် ယှဥ်းကပ်ရောက်ရှိ ရန်ကြိုးစားနေသော ကုမ္ပဏီတွင် အဆက်အသွယ်များနှင့် ဆက်ဆံရေးများကို ထူထောင်ထားနိုင်သည်။ ဤသို့ အဆက်အသွယ်များရှိသည့် အဖွဲ့အစည်းကို သင်စုံစမ်းထားရန် လိုအပ်နိုင်သည်။ဦးစွာ မိတ်ဆက်နိင်ရန် ၎င်းတို့ထံ ဆက်သွယ်ကြည့်ပါ။
-
-
- ရင်းနှီးမြုပ်နှံသူများ – ကုမ္ပဏီအကြောင်းအရာကဏ္ဍ ရှိဤလမ်းညွှန်ချက်ပုံစံ တွင်၊ သင်သည် အဓိကရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏လူ့အခွင့်အရေးကို လေးစား မှု အကြောင်း ဖော်ထုတ်ခဲ့သည်။ ၎င်းတို့၏ “ ESG” စံနှုန်းများ (ပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှု) ကိုအခြေခံ၍ ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသည့် ရင်းနှီးမြှုပ်နှံသူများကို ဦးစားပေးခွဲခြားသတ်မှတ်ရန် ကြိုးစားပါ။
- ဂျာနယ်လစ်များ – လူ့အခွင့်အရေးကို စိတ်ဝင်စားသော ဂျာနယ်လစ်များတွင် ကုမ္ပဏီများအတွင်းသို့ သင့်အား ကူညီမိတ်ဆက်ပေးရန်အတွက်ကွန်ရက်တစ်ခု ရှိကောင်းရှိနိုင်ပါသည်။ မအောင်မြင်သော ထိတွေ့ ညှိနှိုင်းမှု တစ်ခုကို မီဒီယာတွင် မှတ်တမ်းတင်ထားနိုင်သောကြောင့် သတင်းထောက်တစ်ဦး၏ မိတ်ဆက်ခြင်းသည် အထူးသဖြင့် အကျိုးထူး နိုင်သည်။
- မဟာမိတ်များနှင့် ညွန့်ပေါင်းအဖွဲ့များ – ကုမ္ပဏီအကြောင်းအရာကဏ္ဍ ရှိ လမ်းညွှန်ပုံစံပုံစံတွင်၊ ကုမ္ပဏီသည် GNI၊ DTSP သို့မဟုတ် အလားတူ မဟာမိတ်များကဲ့သို့ ညွန့်ပေါင်းအဖွဲ့များးနှင့် မဟာမိတ်အဖွဲ့ဝင်ဖြစ်ခြင်းရှိမရှိ သင်ဖော်ထုတ်ခဲ့သည်။ သတ်မှတ်ထားသော ကျင့်ဝတ်စည်းကမ်းများ သည် ဤညွန့်ပေါင်းအဖွဲ့များနှင့် မဟာမိတ်အဖွဲ့များ ၏ အဖွဲ့ဝင် ကုမ္ပဏီများ ကို ချည်နှောင်ထား သည် ၊ ဆိုလိုသည်မှာ ဤအဖွဲ့အစည်းများ သည် သင့်အား အပြုသဘောဆောင်သော တုံ့ပြန်မှု ကို ရရှိရန် ကူညီပေး နိုင်သည်။
- ကုလသမဂ္ဂအေဂျင်စီများ – စီးပွားရေးနှင့်လူ့အခွင့်အရေးကိုစိတ်ဝင်စားသောအေဂျင်စီများသည် အပြောင်းအလဲများကို ဆောင်ကြဉ်းပေးရန်သော ကွန်ယက်များရှိနိင်ပြီး နှင့် သြဇာသက်ရောက် နိုင်သည်။ ယင်းအေဂျင်စီများတွင် OHCHR၊ UNGC၊ UNDP နှင့် အခြားအရာများ ပါဝင်သည်။
- စက်မှုအသင်းအဖွဲ့များ – ပုံစံ၏ ကုမ္ပဏီအကြောင်းအရာကဏ္ဍ ရှိလမ်းညွှန်ချက်ပုံစံ တွင်၊ ကုမ္ပဏီသည် မည်သည့်လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ၏ အဖွဲ့ဝင်ဖြစ်မဖြစ်ကို သင်ဖော်ထုတ်ခဲ့သည်။ စက်မှုအသင်းအဖွဲ့များအဖွဲ့ဝင်များဖြစ်ကြသည့်ကုမ္ပဏီများသည် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် သီးခြားကျင့်ထုံးများ (ကုမ္ပဏီအခြေအနေတွင် သင်အကဲဖြတ်ထားသည့်) စည်းမျဉ်းများဖြင့် ချည်နှောင်ထားနိုင်သည်
- သံတမန်အသိုင်းအဝိုင်း – သံတမန်များတွင် အများအားဖြင့် အိမ်ရှင်နိုင်ငံ၌ အလုပ်များ လုပ်ဆောင်နေသော နိုင်ငံစုံကုမ္ပဏီများ၏ အဓိကအမှုဆောင်အရာရှိများနှင့် ကွန်ရက်များရှိသည်။ အခွင့်အရေးကို အကာအကွယ်ပေးသောနိုင်ငံများမှ သံတမန်များသည် နိုင်ငံအတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အန္တရာယ် ရှိမှုများနှင့် နိုင်ငံ ၏ပြည်တွင်းဥပဒေ ပါ တာဝန်ဝတ္တရားများကြောင့် လိုလားစွာ မိတ်ဆက်ခြင်းနှင့် ထောက်ခံ အားပေးခြင်းများတွင် ကူညီ ပေမည်။
- ပြိုင်ဘက်များ – ဌာနအားလုံးရှိ ကုမ္ပဏီများ၏ ကိုယ်စားလှယ်များသည် ပြိုင်ဘက်ကုမ္ပဏီများရှိ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် အမြဲလိုလို ကောင်းစွာ ချိတ်ဆက်နေပါသည်။ ၎င်းတို့သည် သင့်ကိုယ်စား ထောက်ခံပြောဆိုရန် အလားအလာမရှိသည့်တိုင်အောင် ၊ ထိုသို့သော ထောက်ခံအားပေးမှုသည် ၎င်းတို့၏ပြိုင်ဘက်များ အပေါ် သို့ ဂုဏ်သိက္ခာပိုင်းအရအားသာနိုင်သောကြောင့် မိတ်ဆက်ပွဲပြုလုပ်ရန် ဆန္ဒရှိပေမည်။ အကယ်၍ သင်သည် ပြိုင်ဖက်ကုမ္ပဏီတစ်ခုအတွင်း လူ့အခွင့်အရေးကို ကိုင်တွယ်သည့်အဖွဲ့များ သို့မဟုတ် ဌာနများနှင့် အဆက်အသွယ်များ ထူထောင်ထားပါက၊ ကုမ္ပဏီများသည် လူ့အခွင့်အရေးကိစ္စများတွင်ပင် အပြိုင်အဆိုင်ဖြစ်နေသောကြောင့် ကုမ္ပဏီကို ဆက်သွယ်သည့်အခါတွင် ယင်းအချက်ကို ဖော်ပြနိုင်သည်။
-
ဤသြဇာလွှမ်းမိုးနိုင်သူများ နှင့် ယှဥ်းကပ်ဆောင်ရွက်ခြင်း မသည် အဓိပ္ပာယ်ပြည့်ဝသော ထိတွေ့ဆက်ဆံမှုကို မရရှိပါက၊ သင့်အား မိတ်ဆက်ပေးသော သက်ဆိုင်ရာသြဇာလွှမ်းမိုးသူထံ ဆက်သွယ်ပြီး သင့်ကိုယ်စား ပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုရန် အကြံပြုအပ်ပါသည်။ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့အား အချိန်တစ်ခုပေးရန်နှင့် သတ်မှတ်ထားသောအချိန်ဘောင်တစ်ခုအတွင်း သြဇာလွှမ်းမိုးသူသည် ကုမ္ပဏီထံမှ တုံ့ပြန်မှုမရပါက သင်၏အစီအစဉ်များနှင့် လူသိများလာမည့် အရေး နှင့်ပတ်သက်သည့် ၎င်းတို့၏တုံ့ပြန်ချက်ရယူရန် အရေးကြီးပါသည်။ ဤနည်းလမ်းဖြင့် သြဇာလွှမ်းမိုးမှုရှိသူ ပုဂ္ဂိုလ်သည် အများပြည်သူက ကုမ္ပဏီဘက်သို့ အာရုံစိုက် လာနိုင်ခြင်းနှင့် သင့်လုပ်ဆောင်ချက်ကို အားပေး ထောက်ခံလိုကြောင်းကို ကုမ္ပဏီသိအောင် ပြောပြနိုင်ပြီး၊ သင်နှင့် ပူးပေါင်းညှိနှိုင်းနိုင်မည်ဖြစ်သည်။
ယခင်ကကဲ့သို့ပင်၊ သြဇာသက်ရောက်မှုရှိသူများထံ ဆက်သွယ်သည့်အဆင့်များနှင့် ကုမ္ပဏီ၏ တုံ့ပြန်မှုများကို သေချာစွာ မှတ်တမ်းတင်ထားပြီး စနစ်တကျ စီမံသင့်ပါသည်။
ကမ္ဘာလုံးဆိုင်ရာကွန်ယက်သည် အစိုးရများမှ အသုံးပြုသူ ဒေတာမျာ ကိုမျှဝေခြင်း၊ အကြောင်းအရာများ ဖယ်ရှားခြင်း သို့မဟုတ် အွန်လိုင်းအကန့်အသတ် ချမှတ်ရန် တိုက်တွန်းမှုများကို တင်၍ ကုမ္ပဏီများအား ဒစ်ဂျစ်တယ်အခွင့်အရေးများကို ကူးပြောင်းစေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာကွန်ယက်အဖွဲ့ဝင်များတွင် ဒစ်ဂျစ်တယ်နှင့် ဆက်သွယ်ရေးကုမ္ပဏီများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ သတင်းစာလွတ်လပ်မှုအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပညာရေးအဖွဲ့အစည်းများ ပါဝင်ပါသည်။ ကမ္ဘာလုံးဆိုင်ရာကွန်ယက်သည် အချက်အလက်များကို ဖွံ့ဖြိုးတီထွင်ခဲ့ပြီး၊ အစိုးရမှ အင်တာနက် စင်ဆာရှစ် ပြုခြင်းကို ကာကွယ်ပြီး၊ လူများ၏ ဒစ်ဂျစ်တယ်အခွင့်အရေးများကို ကာကွယ်ပေးပါသည်။ ကမ္ဘာလုံးဆိုင်ရာကွန်ယက်အဖွဲ့ဝင်ကုမ္ပဏီများသည် ယင်းအချက်အလက်များကို လိုက်နာရန် တာဝန်ရှိပါသည်။

