၇.၁ | အစီရင်ခံခြင်း။
ဤအချက်တွင်၊ သင်သည် ကုမ္ပဏီနှင့် ချိပ်ဆက်ဆောင်ရွက်ရာ တွင် အသုံးပြုမည့် အစီရင်ခံစာကို စတင်ရေးသားရန် လိုအပ်သည့် အချက်အလက်အားလုံးကို စုဆောင်းပြီးဖြစ်သည် – ဂုဏ်ယူ၀မ်းမြောက် ပါသည်။
အစီရင်ခံစာ နမူနာပုံစံ ကို အသုံးပြု၍ အစီရင်ခံစာကို ရေးသားရန်ယခုအခါ သင့်အား လမ်းညွှန် တော့မည်ဖြစ်သည်။ ဤအစီရင်ခံစာသည် ယခုအချိန်အထိ ဤလမ်းညွှန်ပုံစံပုံစံတွင် သင်ပြုလုပ် ဆောက်ရွက် ခဲ့သော သုတေသနနှင့် နားလည်သိမြင်လာမှုအားလုံးကို အကျဉ်းချုပ် ဖော်ပြရပါမည်။ ကျေးဇူးပြု၍ အောက်ပါ နမူနာပုံစံကို နှစ်ချက်နှိပ်ပြီး ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် အစီရင်ခံစာကို စတင်ရေးသားပါ။ အစီရင်ခံစာကို ထည့်သွင်း ထားသောကြောင့် သင်သည် ဖိုင်ကို သိမ်းဆည်း ပြီး ပိတ်နိုင်သည်။ သင်ပြုလုပ်သော အပြောင်းအလဲမှန်သမျှကို ဤစာရွက်စာတမ်းအတွင်း သိမ်းဆည်းရပါမည်။ ထည့်သွင်းထားသော စကားလုံးစာရွက်စာတမ်းကို မတော်တဆ မဖျက်မိစေရန် ကျေးဇူးပြု၍ သတိပြုပါ။ ယင်းသို့မဖြစ် စေယ်ရန်၊ သီးခြားနေရာတွင် အစီရင်ခံခြင်းပုံစံကို သိမ်းဆည်းရန်လို ကောင်းလိုပေမည်။
အစီရင်ခံစာကို ရေးသားသည့်အခါ၊ တတ်နိုင်သမျှ ဘက်မလိုက်ဘဲ မှန်ကန်သောလေသံကို ထိန်းသိမ်းပါ။ အစီရင်ခံစာ နမူနာပုံစံ၏ ကြိုတင် ထည့်သွင်းထားသော အပိုင်းများသည် ကြားနေလေသံကို အသုံးပြုထားပြီးဖြစ်ရာ ဖြစ်နိုင်ပါက သင်၏အရေးအသားတွင် ဤလေသံကို ထိန်းသိမ်းထားရန် အကြံပြုသည်။ CLARITI ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ် ကာလတွင် ဘက်မလိုက်မှု လိုအပ်ကြောင်း သက်ဆိုင်သူအများအပြားမှ ထောက်းပြထားကြသည်။ ယင်းကြားနေမှုသည် အစီရင်ခံစာကို ပရိတ်သတ်အများအပြား (ကုမ္ပဏီကိုယ်စားလှယ်များ အပါအဝင်) မှ ရပိုင်ခွင့်ရှိသူများ၏ ရပိုင်ခွင့်ဆိုင်ရာ အကျိုးသက်ရောက်မှုများ၏ အထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျကျ တင်ပြခြင်းအဖြစ် မြင်နိုင်စေမည်ဖြစ်ပြီး၊ ၎င်းတို့အား သင်မြှင့်တင်ပေးသော လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် စာနာနားလည်မှုဆိုင်ရာ ချိတ်ဆက်မှုကို တည်ဆောက်နိုင်စေကာ၊ နောက်ဆုံးတွင် ၎င်းတို့အား ၎င်းတို့၏ ကိုယ်ပိုင်အသိအမြင်များကို ဖန်တီးနိင်လာစေပြီး အပြုသဘောဆောင်သော အပြောင်းအလဲ ဖြစ်နိုင်ခြေကို တိုးစေမည်ဖြစ်သည်။