ဤကဏ္ဍတွင်၊ အမျိုးသားဥပဒေများ၊ နိုင်ငံတကာဥပဒေများ၊ အထူး ဒေသဆိုင်ရာဥပဒေများနှင့် ၎င်း၏အစိုးရမဟုတ်သောအခြား သက်ဆိုင်သူများ၏ လူ့အခွင့်အရေးမျှော်မှန်းချက်များကို ခွဲခြမ်းစိတ်ဖြာခြင်း နှင့် ကုမ္ပဏီ၏ လုပ်ငန်းတာဝန်ဝတ္တရားများကို ခွဲခြမ်းစိတ်ဖြာခြင်း အပါအဝင် ကုမ္ပဏီတွင်းကိစ္စရပ်များနှင့် ဆက်စပ်မေးခွန်းများကို ဖြေဆိုရန် သင့်အား လမ်းညွှန်သွား မည်ဖြစ်ပါသည်။ ထို့နောက်တွင် သက်ဆိုင်သူများ၏လူ့အခွင့်အရေးမျှော်မှန်းချက်များကို အကောင်အထည် ဖော်ရန်အတွက် ကုမ္ပဏီသည် ၎င်း၏ အတွင်းပိုင်းစနစ် ဖွဲ့စည်းပုံများတွင် မည်သို့တည်ဆောက်ထားသည်ကို လေ့လာကြည့်ရှုပြီး ယင်းအတွင်းပိုင်း ဖွဲ့စည်းပုံများသည် လက်တွေ့ဘဝ အကျိုးသက်ရောက်မှုများ အဖြစ်သို့ မည်မျှကောင်းမွန်စွာ ရရှိကြောင်းကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် လေ့လာကြည့်ရှုမည်ဖြစ်ပါသည်။ အကျိုးသက်ရောက်မှု အကဲဖြတ်ချက်ကို ဆောင်ရွက်မည်ဆိုပါက ဤမေးခွန်းများ၏ အဖြေများကို သင်အသုံးပြုရန် လိုအပ်မည်ဖြစ်ပါသည်။
ဒီဂျစ်တယ် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မူ အစီအစဉ်သည် အကြောင်းအရာနှင့် အပြုအမူဆိုင်ရာ အွန်လိုင်း ထိခိုက်နစ်နာမှုများကို လက်ခံသက်ဆိုင်သော အကောင်းဆုံးနည်းလမ်းများဖြင့် လုံခြုံသောနှင့် ယုံကြည်စိတ်ချရသော အွန်လိုင်းကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ပါဝင်သောကုမ္ပဏီများသည်အကောင်းဆုံးနည်းလမ်းများကို ကတိပြုပြီး၊ ၎င်းတို့ကို သတင်းပေးသူ အကဲဖြတ်မှုများဖြင့် အတည်ပြုပါသည်။ Google, Meta, Apple နှင့် Microsoft ကဲ့သို့သော ကြီးမားသော ဒစ်ဂျစ်တယ်ကုမ္ပဏီများသည် ဒီဂျစ်တယ် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မူ၏ ပါဝင်သူများဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေကြမ်းသည် အဓိက အပြည်ပြည်ဆိုင်ရာ စာရွက်စာတမ်း သုံးပုဒ်ကို စုစည်း၍ ရည်ညွှန်းသော အသုံးအနှုန်းဖြစ်သည်။
- လူ့အခွင့်အရေးကြေငြာစာတမ်းသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂမှ အသိအမှတ်ပြုခဲ့သည်။ UDHR သည် တရားဝင်အတည်ပြုထားသော စာချုပ်မဟုတ်ပါ၊ သို့သော် လူ့အခွင့်အရေး အခြေခံမူများကို အကျဉ်းချုပ် ဖော်ပြထားသော အခြေခံစာတမ်းဖြစ်သည်။
- ICCPR သည် ၁၉၆၆ ခုနှစ်တွင် ကုလသမဂ္ဂမှ အသိအမှတ်ပြုခဲ့သည်။ ICCPR သည် နိုင်ငံရေးနှင့် ဥပဒေရေးရာ အခွင့်အရေးများအား ပေါ်လွင်စွာ ဖော်ပြထားသည်၊ ဥပမာ- အသက်ရှင်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ တရားစွဲခွင့်များကို ရည်ညွှန်းသည်။ ၎င်းသည် တရားဝင်သတ်မှတ်ထားသော စာချုပ်ဖြစ်ပြီး၊ ထိုစာချုပ်ကို လက်ခံလိုက်သော အဖွဲ့ဝင်နိုင်ငံများသည် အဆိုပါအခွင့်အရေးများကို လေးစားပြီး ကာကွယ်ရမည်ဟု ကတိပေးကြသည်။
- အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး စာချုပ် (ICESCR) သည် ၁၉၆၆ ခုနှစ်တွင် အသိအမှတ်ပြုခဲ့ပြီး၊ ICESCR သည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများအား ပေါ်လွင်စွာ ဖော်ပြထားသည်၊ ၎င်းအခွင့်အရေးများတွင် အလုပ်ခွင့်၊ ပညာရေးခွင့်နှင့် မိမိကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းရခွင့်များ ပါဝင်သည်။ ၎င်းသည် တရားဝင်သတ်မှတ်ထားသော စာချုပ်ဖြစ်ပြီး၊ ထိုစာချုပ်ကို လက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် အဆိုပါအခွင့်အရေးများကို မြှင့်တင်ပေးရန်နှင့် ကာကွယ်ရမည်ဟု ကတိပေးကြသည်။