သင်သော်လည်းကောင်း သင်၏အဖွဲ့ဝင်များသော်လည်းကောင်းသည် CLARITI လုပ်ငန်းစဉ်အတွင်း လုံခြုံရေးအန္တရာယ်မျာရှိသည်။ အထူးသဖြင့် အာဏာရှင် သို့မဟုတ် အာဏာရှင် နိုင်ငံများ၊ ပဋိပက္ခကြုံတွေ့နေလျက်ရှိသော နိုင်ငံများ သို့မဟုတ် လူမှုအသိုင်းအဝိုင်းများတွင် ထိုသို့ဖြစ်နိုင်သည်။ သင်တို့၏လုပ်ငန်းသည် အစိုးရ၊ ကုမ္ပဏီများ သို့မဟုတ် လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နိုင်သောကြောင့် ဖြစ်သည်။
သင်၏လုပ်ငန်းသည် သင်ကိုယ်တိုင် သို့မဟုတ် သင်၏အဖွဲ့ဝင်များအတွက် ဖြေရှင်းလို့မရနိုင်သော အန္တရာယ်များ မဖြစ်ပေါ်စေပါ။ သင် သို့မဟုတ် သင်၏အဖွဲ့သည် လုံခြုံရေးအန္တရာယ်များကို ဖြေရှင်းနိုင်ခြင်းမရှိပါက ထိုတုံ့ပြန်မှုလုပ်ငန်းအား ဆောင်ရွက်သင့်/မသင့်ကို ပြန်လည်စဉ်းစားသင့်ပါသည်။
အောက်ပါအချက်များမှာ သင်နှင့် သင်၏အဖွဲ့အတွက် အသုံးဝင်နိုင်သော အကြံဉာဏ်များဖြစ်သည်
အထူးသဖြင့် အာဏာရှင် သို့မဟုတ် အာဏာရှင် နိုင်ငံများတွင် အစိုးရက စစ်ဆေးခြင်းများ ပြုလုပ်နေခြင်းကို သတိပြုပါ။ ကွန်ယက်သုံးအီးမေးလ်ပလက်ဖောင်းများကိုသာ အသုံးပြုပါ။
အစိုးရက ခွင့်မပြုသောအက်ပ်များအား သတိထားပါ။ သင်၏ပစ္စည်းများကို စစ်ဆေးခံရသောအခါ၊ ထိုအက်ပ်များရှိနေသည်ကိုတွေ့ရှိပါက အစိုးရက သင့်အား အန္တရာယ်ရှိစေခြင်း သို့မဟုတ် နှိပ်စက်ခြင်းများ ပြုလုပ်ရန် အကြောင်းဖန်နိုင်သည်။ ထိုအက်ပ်များ အသုံးပြုရန်လိုအပ်ပါက၊ အက်ပ်ဖျောက်နိုင်သော နည်းလမ်းများကိုအသုံးပြုပါ။ (ဥပမာ – iOS နှင့် Android အတွက် ရွေးချယ်စရာများကိုကြည့်ပါ)။ နှစ်ဆလုံခြုံရေးစနစ်ကို အသုံးပြုပါ။
စမတ်ဖုန်းကို ခိုင်မာသောလုံခြုံရေးနည်းဖြင့် ကာကွယ်ပါ – ဥပမာအနေနှင့် လက်ဗွေအစား စကားဝှက် (password) အသုံးပြုပါ။
အန္တရာယ်များသောနေရာများသို့ ခရီးသွားချိန်တွင် သင်၏စမတ်ဖုန်းကို Cloud ဝန်ဆောင်မှုများမှ ဖြုတ်ထားပါ။
လိမ်လည်ခြင်းဖြင့် အချက်အလက်ဖော်ထုတ်ခြင်း နည်းလမ်းများကို သတိထားပါ။
- Assess the risk of a location before travelling.
- Contact your embassy for safety information or emergency contacts. If the embassy of your country is not present in the country you are conducting CLARITI, look for safety alerts and advice from the website of another country’s embassy.
- Gather emergency contact numbers such as hospitals, ambulances, or local philanthropic groups.
- Connect with well-known organisations to minimise the risk. Your local digital rights organisation, journalists, and civil society organisations can be helpful to keep you safe.
- Follow the news to get an update on the latest situations in the country and avoid conflict areas.
- Avoid going to protests or demonstrations if possible.
- Be familiar with the documentation requirements for travelling within the country.
- Always have a contingency plan for leaving the conflict area or the country.
နောက်ထပ်အသေးစိတ်ဖတ်လိုပါက၊ Front Line Defenders မှ ပေးထားသော ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး နှင့် ဒစ်ဂျစ်တယ်လုံခြုံရေး ဆိုင်ရာအရင်းအမြစ်များကို ကြည့်နိုင်ပါသည်။