2.5 | သင့်အဖွဲ့အား နည်းပညာလုပ်ငန်းကဏ္ဍ အခြေခံဖြင့် ပြင်ဆင်ခြင်း

နည်းပညာလုပ်ငန်းကဏ္ဍသည် မသိရှိသူများအတွက် ရှုပ်ထွေးနိုင်သောကဏ္ဍဖြစ်သည် ၎င်းမှာ ကုမ္ပဏီများကြားတွင် အပြန်အလှန် ဒစ်ဂျစ်တယ် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသော ရှုပ်ထွေး၍ ချိတ်ဆက်ထားသော ကွန်ယက်တစ်ခုဖြစ်သည်။

CLARITI သည် အသုံးပြုသူအများအပြားရှိသော ဒစ်ဂျစ်တယ်ပလက်ဖောင်းများ၊ ဆက်သွယ်ရေးကုမ္ပဏီများ သို့မဟုတ် လူထုအပေါ် ထိခိုက်မှုအရေးပါသော နည်းပညာကုမ္ပဏီများကိုသာ ကန့်သတ်ထားသည်။ သုံးသပ်မှုများကို တခုပြီးတခုဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကုမ္ပဏီတခုချင်းစီကို ချဉ်းကပ်ခြင်းဖြင့် လုပ်ငန်းကဏ္ဍတစ်ခုလုံးကို နားလည်ရန် လိုအပ်ချက်ကို လွှတ်သွားစေနိုင်သည်။ သို့သော် သင်သုံးသပ်မည့် ကုမ္ပဏီများသည် နည်းပညာလုပ်ငန်းထဲမှ အမျိုးမျိုးသော ကုမ္ပဏီများအပေါ် မှီခိုနေကြသည်ကို သိထားရန် အရေးကြီးပါသည်။

    • Cloud ဝန်ဆောင်မှုပေးသူများ (ဥပမာ – Amazon, Google, Microsoft)
    • Domain မှတ်ပုံတင်လုပ်ငန်းများ (ဥပမာ – GoDaddy)
    • ကွန်ယက်အခြေခံနှင့် စက်ပစ္စည်းပံ့ပိုးသူများ (ဥပမာ – Ericsson, Nokia, Huawei, Cisco)
    • ပစ္စည်းစက်ကရိယာပံ့ပိုးသူများ (ဥပမာ – Dell, HP, Apple)
    • အမျိုးမျိုးသော ဆော့ဖ်ဝဲပံ့ပိုးသူများ၊ ဥပမာ – လည်ပတ်ရေးစနစ်များ၊ ဆိုက်ဘာလုံခြုံရေး၊ အယ်လ်ဂိုရီသမ်များ

ဤကုမ္ပဏီတစခုချင်းစီတွင်လည်း နည်းပညာကဏ္ဍအတွင်း ပံ့ပိုးသူများရှိနေကြသည်။

အထက်ဖော်ပြပါအချက်မှ ချဉ်းကပ်စရာ အဓိကအချက်မှာ နည်းပညာလုပ်ငန်း၏ တစိတ်တပိုင်းတွင် ဖြစ်ပေါ်သည့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုများသည် တခြားအပိုင်းများကို တိုက်ရိုက်ထိခိုက်နိုင်သည်။ ဥပမာအားဖြင့်၊ ကွန်ယက်ပစ္စည်းများကို ပံ့ပိုးသူထံမှ ဝယ်ယူသော ဒစ်ဂျစ်တယ်ပလက်ဖောင်း သို့မဟုတ် ဆက်သွယ်ရေးကုမ္ပဏီတခုသည် ထိုပစ္စည်းများကို အာဏာရှင်အစိုးရတောင်းဆိုပါက ဖျက်နိုင်အောင် ဒီဇိုင်းချထားခဲ့ပါက ဒေတာဖောက်ဖျက်မှုအတွက် ထိခိုက်မှု ပိုမိုရှိနိုင်သည်။ ထို့နောက် အစိုးရက တိုက်ရိုက်အမိန့်ချခြင်းဖြင့် ကွန်ယက်ဖြတ်တောက်ခြင်း သို့မဟုတ် ဆင်ဆာချခြင်းများ ပြုလုပ်သောအခါ၊ ပြည်သူများ၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းသုံးစွဲနိုင်မှုကို တိုက်ရိုက်ထိခိုက်စေသည်။ သင်၏ သက်ရောက်သုံးသပ်မှု အစိတ်အပိုင်းတခုအနေနှင့် ဤကဏ္ဍများအား တသမတ်တည်း ချဉ်းကပ်သုံးသပ်ရပါမည်။

ပိုမိုနက်နဲသောအချက်အလက်များကို ဤနေရာတွင် ကြည့်နိုင်ပါသည်။ သို့သော် အထက်ပါအကျဉ်းချုပ်သည် CLARITI ကို အသုံးပြုရန်အတွက် လုံလောက်ပါသည်။