2.3 | အလုပ်အကိုင်များကို ထိရောက်စွာ ဆောင်ရွက်ရန် နည်းလမ်းများ
သင့်အသင်းအဖွဲ့ဝင်များသည် ကမ္ဘာအနှံ့အပြား မတူညီသောနေရာများတွင် တည်ရှိနိုင်ပြီး၊ လုပ်ငန်းလုပ်ဆောင်ပုံများကလည်း မတူညီနိုင်သဖြင့်၊ အသင်းအဖွဲ့များကို ထိထိရောက်ရောက် စီမံခန့်ခွဲခြင်းမှာ CLARITI ၏အောင်မြင်မှုအတွက် မဖြစ်မနေလိုအပ်ပါသည်။ သုံးသပ်မှုလုပ်ငန်းစဉ်အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့အနေနဲ့ အချင်းချင်း သင့်လျော်သည့်နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါအကြံပြုချက်များကို သုံးသပ်စဉ်းစားနိုင်ပါသည်။

    • တာဝန်များ၊ တာဝန်ယူမှုများနှင့် မျှော်လင့်ချက်များကို ရှင်းလင်းစွာ ဆက်သွယ်ခြင်းဖြင့် ပြသနာမရှိစေရန်။
    • အချိန်ဇုန်ကွာခြားမှုများကို ပြောဆိုညှိနှိုင်းပြီး၊ လူတိုင်းအတွက် အဆင်ပြေသည့်အချိန်များကို ရွေးချယ်ပါ။ မလွယ်ကူနိုင်သောအခါတွင် သက်ဆိုင်သူတိုင်းအား အချိန်များကို ဝေမျှနိုင်အောင် စဉ်းစားပါ။
    • Google Meet သို့မဟုတ် Zoom ကဲ့သို့သော ပလက်ဖောင်းများကို အသုံးပြုသောအခါ ဗီဒီယိုဖွင့်ထားပါ။ ၎င်းသည် ဆက်သွယ်မှုနှင့် အဖွဲ့အစည်းအတွင်း ယုံကြည်မှုဖွဲ့စည်းရာတွင် အထောက်အကူဖြစ်ပါသည်။
    • Dropbox, Google Drive, OneDrive, Slack တို့ကဲ့သို့သော မျှဝေထားသည့် cloud storage များကို အသုံးပြုပြီး တစ်ပြိုင်နက်တည်း ပူးပေါင်းဆောင်ရွက်ပါ။
    • လုပ်ငန်းတိုးတက်မှုအခြေအနေများကို ပုံမှန်စွာ စစ်ဆေးပြီး တုံ့ပြန်ခြင်းများပြုလုပ်ပါ။
    • သတ်မှတ်ချိန်များနှင့် နောက်ထပ်အဆင့်များကို ရှင်းလင်းစွာ သတ်မှတ်ပါ။
    • အကူအညီလိုအပ်သူများအား လိုအပ်သည့်အထောက်အကူများ ပေးပါ။
    • မျှဝေထားသောအွန်လိုင်းအဖွဲ့ဖွဲ့စည်းခြင်း နှင့် အသိအမှတ်ပြုခြင်းများ ပြုလုပ်ပါ။
    • အခွင့်အလမ်းရှိပါက ကိုယ်တိုင်တွေ့ဆုံခြင်းများ ပြုလုပ်ပါ။
    • အသင်းအဖွဲ့အတွင်း ရရှိထားသည့်အောင်မြင်မှုများ (သေးသေးလေးဖြစ်စေ) ကိုတောင် ဝမ်းမြောက်ပြီး ချီးကျူးပေးပါ။