2.17 | ဘတ်ဂျက်သတ်မှတ်ခြင်း

FIDH နှင့် Oxfam ထုတ်ပြန်ထားသောအချက်အလက်များအရ၊ လူထုအခြေပြု လူ့အခွင့်အရေးအကျိုးသက်ရောက်မှု တိုင်းတာအကဲဖြတ်ခြင် ‘Getting It Right’ ကို အသုံးပြု၍ HRIAs ဆောင်ရွက်ရန်၊ သုံးစွဲရသောကုန်ကျစရိတ်မှာ ၄၀,၀၀၀ မှ ၇၅,၀၀၀ ဒေါ်လာ ကြား ရှိနိုင်သည်။ သင်သည် CLARITI ကို ပဋိပက္ခထိခိုက်ခံနေသောနိုင်ငံတွင် ဆောင်ရွက်မည်ဆိုပါက လုံခြုံရေးဆိုင်ရာ အကြံဉာဏ်နှင့် လုပ်ဆောင်ချက်များအတွက် ထပ်ဆောင်းဘတ်ဂျက် သတ်မှတ်ထားရန် လိုအပ်နိုင်ပါသည်။ CLARITI ကို အသုံးပြု၍ တိုင်းတာအကဲဖြတ်ခြင် တခုလုပ်ဆောင်ရန် သုံးစွဲရန်သတ်မှတ်ထားသည့် ဘတ်ဂျက်မှာ သင်၏ဆောင်ရွက်နည်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသော်လည်း၊ ဘတ်ဂျက်အစီအစဉ်ရေးဆွဲရာတွင် အောက်ပါအချက်များကို စဉ်းစားရန်အကြံပြုပါသည် –

    • အသင်းအဖွဲ့ဝင်များနှင့် (လိုအပ်ပါက) အချိန်ပြည့်အဖွဲ့ဝင် အတွက်လစာ
    • ကျွမ်းကျင်သူများ၊ နည်းပညာရှင်များနှင့် ဆွေးနွေးခြင်း
    • လုံခြုံရေးအကြံပေး၊ သို့မဟုတ် လုံခြုံရေးကုမ္ပဏီ (လုံခြုံရေးအခြေအနေအပေါ် အကြံဉာဏ်များလိုအပ်ပါက)
    • ပရင်တာ၊ လက်ပ်တော့၊ မိုဘိုင်းဖုန်းခများ အင်တာနက်ချိတ်ဆက်မှု အစည်းအဝေးခန်းမ သို့မဟုတ် Co-working Spaceကဲ့သို့သော ပစ္စည်းနှင့်အဆောက်အအုံ အရင်းအမြစ်များ
    • Stakeholder များနှင့် ကျွမ်းကျင်သူများနှင့် ဆွေးနွေးရန် ခရီးသွားစရိတ်များ (ခရီးအရေအတွက်ပေါ်မူတည်၍ ကွဲပြားနိုင်သည်။) (အခွင့်အရေးရှိသူများကို ဆွေးနွေးပွဲတွင် ပါဝင်နိုင်ရန်အတွက် ခရီးစရိတ်၊ ခရီးစဉ်စီစဉ်မှု သို့မဟုတ် အင်တာနက်ဒေတာခများ ပံ့ပိုးပေးရန် စဉ်းစားသင့်ပါသည်။)
    • Stakeholder များနှင့် ဘာသာစကားဖြင့် ဆက်သွယ်ရန် လိုအပ်ပါက အပြန်အလှန်ဘာသာပြန်ခြင်းအတွက် ငွေကြေး
    • အစီရင်ခံစာ ဘာသာပြန်ခြင်း
    • အစီရင်ခံစာထုတ်ပြန်ပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့် လှုပ်ရှားမှုများ

သင်ရွေးချယ်သောငွေကြေးဦးတည်ချက်ဖြင့် ဘတ်ဂျက်ခန့်မှန်းနိုင်ရန်အတွက် အောက်ပါပုံစံကို အသုံးပြုနိုင်ပါသည်။

ဤဖောင်ကိုကြည့်ရှုရန် သင့်တွင် ခွင့်ပြုချက်မရှိပါ။

ထည့်သွင်းမှုများ မတွေ့ပါ။ ဤဇယားမြင်ကွင်းကိုဖြည့်သွင်းရန်အဆင့် ၂.၁၇ တွင် ဖောင်ဖြည့်ပါ။

သင်သည် တိုင်းတာအကဲဖြတ်မှုအစပြုရန် အသင့်ဖြစ်သောကြောင့်၊ လုပ်ဆောင်မှု၏ ပထမအဆင့်ဖြစ်သော တိုင်းတာအကဲဖြတ်သတ်မှတ်ခြင်းကို စတင်လိုက်ကြစို့

ဝေါဟာရ
မှန်ကန်သောနည်းလမ်း အသုံးချမှု ဗျူဟာ
မှန်ကန်သောနည်းလမ်း အသုံးချမှု ဗျူဟာသည် လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှု အကဲဖြတ်မှုကိရိယာတစ်ခုဖြစ်ပြီး၊ ပရိတ်သတ်များကို ကုမ္ပဏီ၏ လက်ရှိနှင့် အနာဂတ် လူ့အခွင့်အရေး ချိုးဖျက်မှုများကို အကဲဖြတ်ပြီး အစီရင်ခံစာများနှင့် အကြံပြုချက်များထုတ်ပေးရန် အခွင့်အရေး ပေးပါသည်။ Rights & Democracy၊ ကနေဒါနိုင်ငံမှ အဖွဲ့အစည်းတစ်ခုသည် ၂၀၀၄ခုနှစ်တွင် ဤနည်းလမ်းကို ဖွံ့ဖြိုးတီထွင်ခဲ့ပါသည်။ Oxfam နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဖက်ဒရေရှင်း (FIDH) သည် ၂၀၀၉ခုနှစ်တွင် Rights & Democracy နှင့် ပူးပေါင်း၍ စမ်းသပ်လေ့လာမှုများပြီးနောက် ကိရိယာကို အဆင့်မြှင့်တင်ခဲ့သည်။