2.16 | အလုပ်အစီအစဉ်သတ်မှတ်ခြင်း
လူထုအခြေပြု လူ့အခွင့်အရေးအကျိုးသက်ရောက်မှုခန့်မှန်းခြင်းတခုကို ထိရောက်စွာ ဆောင်ရွက်ရန်အတွက်၊ စီအက်စ်အိုများက တစ်နှစ်လောက် ကြာနိုင်ကြောင်း သတင်းပေးထားကြသည်။ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ အတွေ့အကြုံအရ၊ ကုမ္ပဏီအခြေပြု လူအခွင့်အရေး တာဝန်ယူမှုစစ်ဆေးမှုတခုကို ဆောင်ရွက်ရန်အတွက် တာဝန်ယူမှုလုပ်ငန်းစဉ် အတွေ့အကြုံရှိသူ ၂-၃ ဦးပါဝင်သောအဖွဲ့တစ်ဖွဲ့သည် အနည်းဆုံး ၃ လအထိ အချိန်ပြည့် အလုပ်လုပ်ဖို့လိုအပ်သည်။ ဤလုပ်ငန်းစဉ်တွင် ကုမ္ပဏီအရင်းအမြစ်များနှင့် ကိုယ်စားလှယ်များထံမှ အပြည့်အဝ လက်လှမ်းမီမှု ရှိရမည်။ CLARITI ကို မျှော်မှန်းထားသည့်အတိုင်း တိုးတက်မြန်ဆန်စွာ လူ့အခွင့်အရေးအကျိုးသက်ရောက်မှု ခန့်မှန်းနိုင်ရန် ဖန်တီးထားသော်လည်း၊ အချိန်အပြည့်ဖြင့် အလုပ်လုပ်သည့် ၂-၃ ဦးပါဝင်သောအဖွဲ့အတွက် အနည်းဆုံး ၂ လမှ ၃ လအထိ ကြာမြင့်ချိန်ကို စီစဉ်ထားရန်လိုအပ်ပါသည်။
သင့်အချိန်အများစုမှာ မူလသုတေသနလုပ်ငန်း (ဥပမာ – ပတ်သက်သူများနှင့် အထူးသဖြင့် အခွင့်အရေးရှိသူများနှင့် ဆွေးနွေးခြင်း) အတွက်သုံးစွဲရမည်ဖြစ်ပြီး၊ ပတ်သက်သူများထံမှသာ ရနိုင်သော အရေးပါဆုံး သတင်းအချက်အလက်များကို ရယူနိုင်မည်။
အထက်ပါအချက်များအပြင် အောက်ဖော်ပြပါအချက်များအတွက်လည်း ထပ်ဆင့်အချိန် ထည့်စဉ်းစားရန်လိုအပ်နိုင်ပါသည်
-
- ပိုမိုနက်နဲသည့် ခန့်မှန်းခြင်းတစ်ခုအတွက် လိုအပ်သော နည်းပညာပိုင်း အသေးစိတ်အချက်အလက်များကို နားလည်ရန်
- သင့်အစီရင်ခံစာတွင် ပါဝင်သောအချက်အလက်များ၊ သက်ရောက်မှုများ သို့မဟုတ် အကြံပြုချက်များကို အခွင့်အရေးရှိသူများနှင့် ပြန်လည်အတည်ပြုရန်
- အကဲဖြတ်မှုအတွင်း ဖြစ်ပေါ်လာသော မမျှော်လင့်ထားသော ပြောင်းလဲမှုများကို ကိုင်တွယ်ရ
သင်၏ လုပ်ဆောင်ရန်အစီအစဉ်ကို ချမှတ်ရာတွင် အောက်ပါပုံစံကို အသုံးပြုရန်အကြံပြုပါသည်။ ထို့အပြင် ဖော်ပြထားသော ခန့်မှန်းချိန်များမှာ အချိန်အပြည့်အလုပ်လုပ်သည့် အသင်းအဖွဲ့ဝင် တစ်ဦးအတွက်သာ ဖြစ်သည်ကို မှတ်သားထားပါ။
အစီအစဉ်များသည် အချိန်တလျှောက်တွင် ပြောင်းလဲနိုင်သည်ကို သတိပြုပါ သင်၏အကဲဖြတ်မှုအတွင်း မမျှော်လင့်ထားသောဖြစ်ရပ်များကြုံတွေ့ရပါက ဤအစီအစဉ်ကို ပြောင်းလဲပါ။