သင်သည် အခွင့်အရေးရှိသူများ၏ စိုးရိမ်မှုများကို နားထောင်ပြီး၊ သင်ဆက်သွယ်ရန်လိုအပ်သော ပတ်သက်သူများ (နှင့် ဖြစ်နိုင်ခြေ ကုမ္ပဏီကိုယ်စားလှယ်များ) ကို သတ်မှတ်ပြီးနောက်၊ သင့်အဖွဲ့သည် ဤအကဲဖြတ်မှုမှ ရရှိချင်သော ရည်ရွယ်ချက်များကို သတ်မှတ်နိုင်ပါပြီ။ ရည်ရွယ်ချက်များမှာ အခွင့်အရေးရှိသူများ၏ အခြေအနေများနှင့် စိုးရိမ်မှုများပေါ်မူတည်၍ တခုထက်ပိုနိုင်သည်။ ထိုရည်ရွယ်ချက်များသည် သင်၏အဖွဲ့ကို ပိုမိုအာရုံစိုက်သည့် အကဲဖြတ်မှုတစ်ခုလုပ်ဆောင်နိုင်ရန်နှင့် အခွင့်အရေးရှိသူများအတွက် အနာဂတ်ကောင်းမွန်စေမည့် အစီရင်ခံစာတစ်ခု ထုတ်ပြန်နိုင်ရန် ကူညီပေးသင့်ပါသည်။ ရည်ရွယ်ချက်များ၏ ဥပမာများမှာ သို့သော် ကန့်သတ်မထားပါ အောက်ပါအတိုင်းဖြစ်နိုင်သည်။
လူ့အခွင့်အရေးကို ပိုမိုလေးစားခြင်းနှင့်ပတ်သက်သော ဥပမာများ
-
- အခွင့်အရေးရှိသူများအား ပိုမိုလုံခြုံသော အွန်လိုင်းပတ်ဝန်းကျင်အတွင်း မိမိ၏ထင်မြင်ခွင့်ကို အသုံးပြုနိုင်စေရန် ဖန်တီးခြင်း
- ဆက်သွယ်မှုများကို ကန့်သတ်ရန်၊ အကြောင်းအရာများကို ဖယ်ရှားရန် သို့မဟုတ် ကိုယ်ရေးအချက်အလက်များကို အစိုးရထံပေးပို့ရန် တောင်းဆိုမှုများအား လေးစားမှုမရှိစွာပြုလုပ်ခြင်းကို လျော့ချရန် သို့မဟုတ် ဖယ်ရှားရန် အစိုးရထံ ချဉ်းကပ်တောင်းဆိုခြင်း
- အစိုးရအမိန့်အပေါ် ကုမ္ပဏီမှသုံးစွဲသူများအား သတိပြုနိုင်စေရန်
- သုံးစွဲသူဒေတာကို စုဆောင်းခြင်းနှင့် အသုံးပြုခြင်းအပေါ် ကုမ္ပဏီမှ ဖော်ပြခြင်းနှင့် ဒေတာ တဖက်သတ်အသုံးပြုမှု မလိုလားအပ်သောအသုံးပြုမှု သို့မဟုတ် ဒေတာယိုစိမ့်မှုများမှ ကာကွယ်နိုင်စေရန် အရေးယူချက်များ
- မသင့်တော်သောအကြောင်းအရာများကို ကလေးများမြင်ရမှုမှ ကာကွယ်ရန်အတွက် ကုမ္ပဏီမှ ချမှတ်ထားသည့် ကာကွယ်ရေးနည်းလမ်းများ
ပြုပြင်ဆောင်ရွက်မှုကောင်းမွန်မှုနှင့် ပတ်သက်သော ဥပမာ
-
- ကြော်ငြာများကြောင့် ခွဲခြားဆက်ဆံခံရသူ အခွင့်အရေးရှိသူများအား နစ်နာမှုအတွက် သက်ဆိုင်သော ဖြေရှင်းမှု (ပေးဆောင်မှု)
- အကြောင်းအရာများ ဖယ်ရှားခြင်း သို့မဟုတ် အသုံးပြုသူအကောင့်များ ဖျက်သိမ်းခြင်းအပေါ် တင်ပြနိုင်သော စနစ်များတိုးတက်စေခြင်း
ဤရည်ရွယ်ချက်များသည် သင်ဆွေးနွေးခဲ့သော အခွင့်အရေးရှိသူများ၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီမှုရှိ မရှိစစ်ဆေးရန်လည်း သင်စဉ်းစားနိုင်ပါသည်။