သင်သည် CLARITIတွင် ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးစဉ်၊ အဆင့် ၇ (အစီရင်ခံစာပုံစံ) တွင် သင်၏ဆွေးနွေးမှုအား အရည်အသွေးပိုင်း သက်သေခံချက်အဖြစ် အသုံးပြုနိုင်ရန်၊ သူတို့၏ တုံ့ပြန်ချက်များကို မှတ်တမ်းတင်နိုင်ပါသည်။ ဥပမာအချို့ကို အောက်တွင် ဖော်ပြထားပါသည်။
အရည်အသွေးပိုင်းတုံ့ပြန်ချက်များသည် တဦးချင်းစီ၏အခွင့်အရေးရှိသူ / ပတ်သက်သူ၏ ထင်မြင်ချက်ကို ကိန်းဂဏန်းများသာဖြင့် ဖော်ပြ၍မရသော အသေးစိတ်အချက်အလက်များဖြင့်ဖော်ပြပေးနိုင်သည်။ ထိုအကြောင်းအရာများကို အစီရင်ခံစာများတွင် ကိုးကားစကားများအဖြစ် ဖော်ပြလေ့ရှိသည် (Oxfam ရေးသားသော လူထုဦးဆောင် လူ့အခွင့်အရေးအခြေအနေ သုံးသပ်ချက်အစီရင်ခံစာမှ ဥပမာများကို အောက်တွင်ဖော်ပြထားသည် )။ အာဏာရှင်အုပ်ချုပ်မှု သို့မဟုတ် တစိတ်တပိုင်းအာဏာရှင် အုပ်ချုပ်မှုရှိသောပတ်ဝန်းကျင်များတွင်၊ ကိုးကားစကားများ အဖြစ်ပြုလုပ်ရန် လိုအပ်သည်။
- ဂွန်ဇာလို၊ တောင်သူ၊ Johnston Country,
North Carolina
- Philip Morris USA ကိုယ်စားပြုသူ
သင်သည် အခွင့်အရေးရှိသူများ၏ သက်သေခံအချက်အလက်များ (ဥပမာ – အသက်အရွယ်၊ တည်နေရာ၊ ပလက်ဖောင်းအသုံးပြုမှု၊ ဆက်သွယ်ရေးလုပ်ငန်းအသုံးပြုမှု) သို့မဟုတ် သူတို့၏ တုံ့ပြန်ချက်များကို ကိန်းဂဏန်းဖြင့် မှတ်တမ်းတင်နိုင်သည်။ ဥပမာအားဖြင့် – အထူးသဖြင့်အမြင်တစ်ခုကို ချပြသည့်အခွင့်အရေးရှိသူအရေအတွက်၊ သို့မဟုတ် အဆိုတစ်ခုအား သဘောတူသည့်သူများအရေအတွက် စသည်ဖြစ်သည်။ သင်၏သုတေသနရလဒ်များကို ဖော်ပြရန် Pie Chart များဖန်တီးနိုင်ပါသည်။ ဥပမာရလဒ်အချို့ကို မိမိအထက်တွင်ဖော်ပြခဲ့သည့် Oxfam ရေးသားသော လူထုဦးဆောင် လူ့အခွင့်အရေးအခြေအနေသုံးသပ်ချက်အစီရင်ခံစာမှ ဖော်ပြထားသည်။

သင်သည် အခွင့်အရေးရှိသူများအတွက် စဉ်းစားထားသော မေးခွန်းများကို စစ်တမ်းအဖြစ် အသုံးပြုရန်စဉ်းစားနိုင်ပါသည်။ မေးခွန်းတခုချင်းစီကို အပြည့်အစုံဖော်ပြနိုင်ရန် မေးခွန်းများကိုခွဲပြီး မေးနိုင်ပါသည်။ ‘ဟုတ်သည်’ ဟုဖြေကြသော အခွင့်အရေးရှိသူအရေအတွက်နှင့် ‘မဟုတ်ပါ’ ဟုဖြေကြသောအရေအတွက်ကို မှတ်တမ်းတင်ပါ။ အောက်တွင် ဥပမာအဖြစ် အသုံးပြုနိုင်သည့် အချက်အလက်ဇယားပုံစံတခုကို ဖော်ပြထားပါသည်။
သင်သည် အောက်ပါပုံစံကို အသုံးပြု၍ မေးခွန်းများနှင့် တုံ့ပြန်ချက်များကို မှတ်တမ်း တင်နိုင်ပြီး၊ စုစုပေါင်းနှင့် ရာခိုင်နှုန်းများကို အလိုအလျောက် ထုတ်လုပ်နိုင်ပါသည်။ “ထပ်ထည့်” ခလုတ်ကို နှိပ်၍ မေးခွန်းအသစ်တစ်ခု ထပ်ထည့် နိုင်ပါသည်။
နှစ်ရာခိုင်နှုန်းကော်လံများကို Reporting Template တွင် အလွယ်တကူ ပိုင်ခွက်ပုံများ (မေးခွန်းတိုင်းအတွက် တခုစီ) အဖြစ် ပြသနိုင်ပါသည်။ မိမိတို့သည် ပိုင်ခွက်ပုံအားလုံးကို မပြသ သင့်ပါ – သင်၏ရည်ရွယ်သော ပရိသတ်အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သော ပိုင်ခွက်ပုံများကိုသာ ဦးစားပေးပါ။
CLARITI သည် လူ့အခွင့်အရေးရှိသူများနှင့် အပြန်အလှန်ဆက်ဆံမှုများ၊ မေးခွန်းအမျိုးအစားများအတွက် ပုံစံများမပါဝင်ပါ သို့သော်လည်း သင်သည် လူ့အခွင့်အရေးရှိသူများ ၏တုံ့ပြန်ချက်များကို စနစ်တကျ မှတ်တမ်းတင်ပါ ထိုမှတဆင့် သင်သည် (အမည်မဖော်သော) ပုံမှန်သုတေသနအထောက်အထားကို အစီရင်ခံစာရေးရာတွင် ကိုးကားနိုင်ပါသည်။