HRIA ပြုလုပ်ရန် ကြိုးပမ်းနေသည့် ကုမ္ပဏီအကြောင်းကို တိုက်ရိုက်သိရှိသူဖြစ်သည့် ကုမ္ပဏီကိုယ်စားလှယ်များက မူလအချက်အလက်များပေးနိုင်ပါသည်။ သင်သည် အစီရင်ခံစာ ရေးဆွဲပြီးပါက ကုမ္ပဏီကိုယ်စားလှယ်နှင့် ဆက်သွယ်ရာတွင် အသုံးဝင်သော အသေးစိတ် အကြံဉာဏ်များပါဝင်သည့် အဆင့် ၈ အောင်မြင်ရေးအတွက် ဆောင်ရွက်ခြင်းကို ကိုးကားနိုင်ပါသည်။ သို့သော်လည်း အကဲဖြတ်မှု လုပ်ငန်းစဉ်မစခင်နှင့် ဆောင်ရွက်နေစဉ်အတွင်း သင်သည် ကုမ္ပဏီ ကိုယ်စားလှယ်တဦးနှင့် ဆက်သွယ်ရန် ကြိုးပမ်းသင့်ကြောင်း အထူးအကြံပြုပါသည်။ ပထမအကြိမ် ဆက်သွယ်ရန်အတွက် အဆင့် ၈ ထဲတွင်ပါဝင်သည့် လမ်းညွှန်ချက်များကို အသုံးပြုနိုင်ပါသည်။
ပထမအကြိမ် တွေ့ဆုံခြင်း၏ရည်ရွယ်ချက်မှာ –
မိမိကိုယ်တိုင်နှင့် မိမိအဖွဲ့ကို မိတ်ဆက်ရန်
HRIA လုပ်ငန်းစဉ်အကြောင်းကို အသိပေးရန်
ဤလုပ်ငန်းစဉ်တွင် ကုမ္ပဏီ၏ ပါဝင်ဆောင်ရွက်မှုကို တောင်းခံရန်
ထုတ်ပြန်မည့် အစီရင်ခံစာကို လက်ခံနိုင်ရန် ပြင်ဆင် ဆောင်ရွက်ရန် ဖြစ်သည်။
အဆင့် ၈ တွင်ဖော်ပြထားသကဲ့သို့၊ သင်သည် ကုမ္ပဏီနှင့် ဆက်သွယ်ရန် ပြုလုပ်ခဲ့သည့် အထောက်အထားများနှင့် ၎င်းတို့၏ တုံ့ပြန်ချက်များကို တိကျစွာ၊ ပြည့်စုံစွာ မှတ်တမ်းတင်ထားရန် အရေးကြီးပါသည်။