2.11 | အခွင့်အရေးရှိသူများက ဦးစားပေးချင်သည့် လူ့အခွင့်အရေးသက်ရောက်မှုများနှင့် အကြောင်းအရင်းများကို ဆုံးဖြတ်ခြင်း
အခွင့်အရေးရှိသူများသည် အကဲဖြတ်မှုဆောင်ရွက်ရန် သဘောတူလျှင်၊ သင်သည် ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ လူ့အခွင့်အရေးများအပေါ် သက်ရောက်မှုရှိသည်ဟု ယူဆသည့်အချက်များကို နားလည်ရန် မေးခွန်းအချို့ကို မေးမြန်းနိုင်ပါသည်။ ၎င်းတို့၏အဖြေများကို အသုံးပြုပြီး သင်သည် အဆင့် ၅ တွင် သက်ရောက်တုံ့ပြန်အကဲဖြတ်မှု ဆောင်ရွက်ရမည့် လူ့အခွင့်အရေးသက်ရောက်မှုများကို ရွေးချယ်ပါမည်။
အခွင့်အရေးရှိသူများကို မေးမြန်းရန် အကြံပြုမေးခွန်းအချို့ကို အောက်တွင် ဖော်ပြထားပါသည်။ သင်သည် အခွင့်အရေးရှိသူများနှင့် အဆင့် ၄ (အခြေအနေ ခွဲခြမ်းစိတ်ဖြာခြင်း) နှင့် အဆင့် ၅ (လူ့အခွင့်အရေးသက်ရောက်မှု ခွဲခြမ်းစိတ်ဖြာခြင်း) တွင် ထပ်မံတွေ့ဆုံရန်ရှိသဖြင့်၊ ၎င်းတို့နှင့် လုပ်ငန်းစဉ်တလျှောက်လုံး ဆက်လက် ဆက်ဆံမှုလုပ်ဆောင်နိုင်ရန် သဘောတူကြောင်း အတည်ပြုရန်လည်း မမေ့ပါနှင့်။
ကျေးဇူးပြု၍ အထက်ပါဇယားအတွင်း “ ဟုတ်” ဟုပြန်လည်ဖြေကြားထားသည့် သက်ရောက်မှုများနှင့် ဖြစ်ပွားသည့်အကြောင်းရင်းများကို မှတ်သားထားပါ။ သင်သည် ဤအချက်များကို အဆင့် ၃တွင် ပြန်လည်ကိုးကားမည်ဖြစ်ပြီး၊ ထိုအချိန်တွင် သင်၏အကဲဖြတ်မှုကို ကိုင်တွယ်ရန် ရွေးချယ်ထားသော လူ့အခွင့်အရေးသက်ရောက်မှုများကို ဆုံးဖြတ်မည်ဖြစ်သည်။