1.6 | CLARITI က UNGPs နှင့် ဘယ်လိုဆက်နွယ်နေရသလဲ
-
- လမ်းညွှန်အပ်ချက်များမှာ အဓိကသုံးချက်အောက်တွင် တည်ဆောက်ထားသည်။ ထိုသုံးချက်ဖြစ်သော နိုင်ငံ၏တာဝန်၊ လုပ်ငန်း၏တာဝန်နှင့် ပြစ်မှုခံရသူများအတွက် ပြန်လည်ဖြေရှင်းမှုဖြင့် ဖော်ပြထားသည်။
- နိုင်ငံ၏တာဝန်မှာ – လုပ်ငန်းများနှင့်အခြားအဖွဲ့အစည်းများမှ လူ့အခွင့်အရေးချိုးဖောက်မှုများမှ ကာကွယ်ရန် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများချမှတ်၍ ထိုဥပဒေများကို သုံးသပ်စေခြင်းဖြစ်သည်။
- လုပ်ငန်းများ၏တာဝန်မှာ – အရွယ်အစား၊ လုပ်ငန်းစွမ်းဆောင်ရည်၊ တည်နေရာ၊ လုပ်ငန်း လုပ်ဆောင်မှုပတ်ဝန်းကျင်တို့ မည်သည့်အခြေအနေဖြစ်စေ လူ့အခွင့်အရေးများကိုလေးစားရန်ဖြစ်သည်။ ထိခိုက်စေသည့်လှုပ်ရှားမှုများမှလွဲချော်ရန်နှင့် မတော်တဆဖြစ်ပေါ်လာသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းရန် တာဝန်ရှိသည်။
ပြန်လည်ဖြေရှင်းမှုကို နိုင်ငံတို့နှင့် လုပ်ငန်းများနှစ်ဖက်စလုံးက ပံ့ပိုးပေးရန်လိုအပ်သည်။ CLARITI သည် ယင်းသုံးချက်ထဲမှ “လေးစားမှု နှင့် ပြန်လည်ဖြေရှင်းမှုကို အခြေခံ၍ ကုမ္ပဏီများအား သုံးသပ်ခြင်းအတွက် အသုံးပြုသည်။
-
- CLARITI သည် ဤလမ်းညွှန်အပ်ချက်များကို နှစ်သက်စွာဖြင့် အောက်ပါနည်းနှစ်ခုဖြင့် တင်သွင်းသည် ကုမ္ပဏီ၏ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများသည် UNGPs နှင့်ကိုက်ညီမှုရှိ မရှိကို စစ်ဆေးသည်။
- UNGPs ရဲ့လိုအပ်ချက်များကို CLARITI ၏ သုံးသပ်မှုလုပ်ငန်းစဉ်တွင် ထည့်သွင်းပေါင်းစပ်အသုံးချသည်။
အောက်ဇယားမှာ UNGPs ရှိ အချက်တစ်ရပ်ချင်းစီကို CLARITI ထဲတွင် မည်သို့ ထည့်သွင်းအသုံးပြုထားသည်ကို ဖော်ပြထားပါသည်။
သင်သည် အဆင့် ၄ ကုမ္ပဏီအခြေအနေတွင် ကုမ္ပဏီ၏ လူ့အခွင့်အရေးဆိုင်ရာတာဝန်များမှာ အနည်းဆုံး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေခံစာတမ်းများကိုအခြေခံထားသည် မထားသည်ကို သုံးသပ်ရန်လိုအပ်ပါသည်။ အထူးသဖြင့် လူ့အခွင့်အရေးဆိုင်ရာတာဝန်များနှင့် အခြေခံသဘောတရားအရ လူ့အခွင့်အရေးဆိုသည့် အပိုင်းခွဲများအတွင်း သုံးသပ်မှုကို ပြုလုပ်ပါမည်။
ထို့အပြင် သင်သည် အဆင့် ၅ သက်ရောက်မှုသုံးသပ်ခြင်းတွင်လည်း သုံးသပ်မှုများကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေခံစာတမ်းများ နှင့် အခြား အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတရားများ အပေါ်အခြေခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် တိုက်ရိုက်ချိတ်ဆက်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းစေရန် တာဝန်ရှိသည်။ ထိုသက်ရောက်မှုများအတွက် ကိုယ်တိုင် တိုက်ရိုက် ဝင်ရောက်မူ မခံစားရပါကတောင် ပြုလုပ်ရန် လိုအပ်ပါသည်။
- လူ့အခွင့်အရေးများကို လေးစားထိန်းသိမ်းရန် တာဝန်ယူမှုရှိကြောင်း မူဝါဒ
- လူ့အခွင့်အရေးဆိုင်ရာ စနစ်တကျ စစ်ဆေးသုံးသပ်မှုလုပ်ငန်းစဉ်
- မိမိတို့ကြောင့် သို့မဟုတ် မိမိတို့က ဆောင်ရွက်မှုတစိတ်တပိုင်းတွင် ပါဝင်ခြင်းကြောင့် ဖြစ်ပေါ်လာသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းစဉ်များ
သင်သည် အဆင့် ၄ – ကုမ္ပဏီအခြေအနေ ချင့်ချိန်ခြင်းတွင် ကုမ္ပဏီတွင် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒတည်ငြိမ်မှု ရှိမရှိ၊ လူ့အခွင့်အရေး စစ်ဆေးသုံးသပ်မှုလုပ်ငန်းစဉ် တည်ဆောက်ထားမထား၊ နှင့် ပြသနာဖြေရှင်းရေးလုပ်ငန်းစဉ်များ ရှိမရှိကို စိစစ်လေ့လာသွားမည်။
သင်သည် ကုမ္ပဏီ၏ ပြသနာဖြေရှင်းရေး စနစ်များ ကိုလည်း အဆင့် ၄ (ကုမ္ပဏီအခြေအနေ) နှင့် အဆင့် ၅ တို့တွင် ဆန်းစစ်သုံးသပ်သွားမည်။
- မူဝါဒသည် ကုမ္ပဏီအတွင်းရှိ အမြင့်ဆုံးအဆင့်မှ အတည်ပြုရမည်။
- မူဝါဒရေးဆွဲရာတွင် သက်ဆိုင်ရာအတွင်းရေး/အပြင်ရေး ကျွမ်းကျင်သူများ၏အကြံဉာဏ်ကို တစ်စိတ်တစ်ပိုင်းသို့မဟုတ် အပြည့်အဝ ထည့်သွင်းစဉ်းစားထားရမည်။
- မူဝါဒသည် မိမိလုပ်ငန်း၏လည်ပတ်မှုများ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် တိုက်ရိုက်ချိတ်ဆက်နေသော ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များ နှင့် အခြားပါတီများအပေါ် လူ့အခွင့်အရေးဆိုင်ရာ မျှော်မှန်းချက်များကို ဖော်ပြထားရမည်။
- မူဝါဒသည် ပြည်တွင်းနှင့်ပြင်ပ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ နှင့် သက်ဆိုင်သူများအား မျှဝေခြင်းဖြင့် စနစ်တကျ အသိပေးထားရမည်။
- မူဝါဒသည် လုပ်ငန်းတစ်ခုလုံးတွင် စဉ်ဆက်မပြတ် သက်ရောက်နိုင်စေရန်လိုအပ်သော လုပ်ငန်းဆောင်ရွက်မှုမူဝါဒများနှင့် နည်းလမ်းများအတွင်း ပေါင်းစည်း ထည့်သွင်းထားရမည်။
- အတွင်းရေးနှင့် သို့မဟုတ် လွတ်လပ်သော ပြင်ပ လူ့အခွင့်အရေး ကျွမ်းကျင်သူများ၏ အကြံဉာဏ်များကို အခြေခံခြင်း
- ထိခိုက်နိုင်သူအုပ်စုများနှင့် အခြား သက်ဆိုင်သူများနှင့် အဓိကအရေးပါသော ဆွေးနွေးမှုများ ပြုလုပ်ခြင်း
- လိုက်နာသင့်သော ဥပဒေများအားလုံးနှင့် သတ်မှတ်ထားသော နိုင်ငံတကာ လူ့အခွင့်အရေးများကို လိုက်နာရန်။
- ပဋိပက္ခများရှိသောအခါ လူ့အခွင့်အရေးနှင့်ဆိုင်သော နိုင်ငံတကာ အသိအမှတ်ပြု လုပ်ထုံးလုပ်နည်းများကို တက်ကြွစွာ လေးစားရန်။
- တဦးတည်းသောအခွင့်အရေး ရပ်တည်မှုတခုခုကို ဖြစ်စေနိုင်သည့် အန္တရာယ်ကို ဥပဒေရေးရာ လိုက်နာပြဋ္ဌာန်းမှု အဖြစ် ကိုင်တွယ်၍ ဖြေရှင်းရန်။
သို့ရာတွင် CLARITI တွင် ဤအခြေခံချက်ကို တိုက်ရိုက် အကျိုးသက်ရောက်မှုအနေနှင့် အသုံးပြုပါမည်။ အဆင့် ၅ နှင့် ၆ တွင် သင်သည် လူ့အခွင့်အရေးအနေနှင့် အကြောင်းရင်းအားဖြင့် အရေးပါတဲ့ အကျိုးသက်ရောက်မှုများကို ကန့်သတ်ခြင်းနှင့် ပြန်လည်ပြုပြင်ရေး အကြံပြုချက်များကို မူလအရင်းအမြစ်များဖြင့် အကဲဖြတ်ပါမည်၊ ၎င်းတွင် အကျိုးသက်ရောက်မှု၏ အကျယ်၊ အတိုင်းအတာ၊ ပြန်လည်ပြုပြင်နိုင်မှု၊ ဖြစ်နိုင်ခြေ၊ ချိတ်ဆက်မှု၊ ကန့်သတ်မှုနှင့် ထိန်းချုပ်မှုအပါအဝင် အချက်များကို စဉ်းစားပါမည်။
- တရားဝင်
- ရောက်ရှိနိုင်
- ခန့်မှန်းနိုင်
- တန်းတူ
- ထုတ်လွှင့်သော
- အခွင့်အရေးနှင့် ကိုက်ညီသော
- ဆက်လက်လေ့လာနိုင်သော အရင်းအမြစ်
- ပါဝင်ဆောင်ရွက်မှုနှင့် စကားပြောဆိုမှုအပေါ် အခြေခံသည်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေကြမ်းသည် အဓိက အပြည်ပြည်ဆိုင်ရာ စာရွက်စာတမ်း သုံးပုဒ်ကို စုစည်း၍ ရည်ညွှန်းသော အသုံးအနှုန်းဖြစ်သည်။
- လူ့အခွင့်အရေးကြေငြာစာတမ်းသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂမှ အသိအမှတ်ပြုခဲ့သည်။ UDHR သည် တရားဝင်အတည်ပြုထားသော စာချုပ်မဟုတ်ပါ၊ သို့သော် လူ့အခွင့်အရေး အခြေခံမူများကို အကျဉ်းချုပ် ဖော်ပြထားသော အခြေခံစာတမ်းဖြစ်သည်။
- ICCPR သည် ၁၉၆၆ ခုနှစ်တွင် ကုလသမဂ္ဂမှ အသိအမှတ်ပြုခဲ့သည်။ ICCPR သည် နိုင်ငံရေးနှင့် ဥပဒေရေးရာ အခွင့်အရေးများအား ပေါ်လွင်စွာ ဖော်ပြထားသည်၊ ဥပမာ- အသက်ရှင်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ တရားစွဲခွင့်များကို ရည်ညွှန်းသည်။ ၎င်းသည် တရားဝင်သတ်မှတ်ထားသော စာချုပ်ဖြစ်ပြီး၊ ထိုစာချုပ်ကို လက်ခံလိုက်သော အဖွဲ့ဝင်နိုင်ငံများသည် အဆိုပါအခွင့်အရေးများကို လေးစားပြီး ကာကွယ်ရမည်ဟု ကတိပေးကြသည်။
- အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး စာချုပ် (ICESCR) သည် ၁၉၆၆ ခုနှစ်တွင် အသိအမှတ်ပြုခဲ့ပြီး၊ ICESCR သည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများအား ပေါ်လွင်စွာ ဖော်ပြထားသည်၊ ၎င်းအခွင့်အရေးများတွင် အလုပ်ခွင့်၊ ပညာရေးခွင့်နှင့် မိမိကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းရခွင့်များ ပါဝင်သည်။ ၎င်းသည် တရားဝင်သတ်မှတ်ထားသော စာချုပ်ဖြစ်ပြီး၊ ထိုစာချုပ်ကို လက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် အဆိုပါအခွင့်အရေးများကို မြှင့်တင်ပေးရန်နှင့် ကာကွယ်ရမည်ဟု ကတိပေးကြသည်။

