1.2 | HRDDနဲ့ HRIAဆိုတာ ဘာလဲ။
အများသုံးသော UNGP တွင် HRDD အတွက် အကောင်းဆုံးလေ့လာချက်များ သတ်မှတ်ထားသော်လည်း အကျဉ်းချုပ်အားဖြင့် HRDD သည် လုပ်ငန်းများ (နှင့် အခြားအဖွဲ့အစည်းများ) မှ သက်ဆိုင်ရာ လှုပ်ရှားမှုများ၏ လူ့အခွင့်အရေးဆိုင်ရာ ပြသနာများကို တွေ့ရှိ၊ ရှောင်ကြဉ်၊ လျှော့ချပေးနှင့် ဖြေရှင်းရန် အစီအစဉ်တစ်ခုအဖြစ် စနစ်တကျ၊ ကွဲပြားစွာနှင့် ပုံမှန်ကျွမ်းကျင်သော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ HRDD ၏ အဓိကအစိတ်အပိုင်းတစ်ခုမှာ HRIA ဖြစ်သည်၊ ၎င်းသည် ကုမ္ပဏီ၏ လှုပ်ရှားမှုများသည် လူ့အခွင့်အရေးအပေါ်
အကျိုးသက်ရောက်မှုရှိနိုင်ခြင်း သို့မဟုတ် ရှိသော အခြေအနေများကို ရှာဖွေသိရှိရန် ဖြစ်သည်။ HRIA များကို ကုမ္ပဏီများ (ကုမ္ပဏီမှ ဦးစီး HRIA) သို့မဟုတ် လူထု (လူထုမှ ဦးစီး) က ဦးစီးနိုင်သည်။ လူထုမှ ဦးစီးသော HRIA အခြေအနေတွင် HRIA ကို ကုမ္ပဏီမှ ခန့်မှန်းထားသော လူ့အခွင့်အရေးအပေါ် သဘောတူညီချက်များ (“လူ့အခွင့်အရေးအဖြစ်”) နှင့် လူထု၏ လူ့အခွင့်အရေးကို အမှန်တကယ် အသုံးပြုနိုင်ခြင်း (“လူ့အခွင့်အရေးလက်တွေ့”) အကြား ကွာဟမှုကို တိုင်းတာခြင်းအဖြစ် အကျဉ်းချုပ်နိုင်ပါသည်။

